No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မီးရထားဝန်ထမ်းတွေကို ဖိအားပေးပြီး ရထားပြေးဆွဲခိုင်းတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက် ရန်ကုန်ကိုဦးတည်ပြေးဆွဲမယ့်ရထားကို ပြည်သူတွေက တားဆီးထားလိုက်ကြပြီဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်ဘူတာကနေ ရန်ကုန် ကို ဦးတည်ပြေးဆွဲတဲ့ ဒီရထားကို မော်လမြိုင်ဘူတာကနေ အထွက်မှာ ပဲ ရှေ့ဆက်သွားလို့မရအောင် ဆန္ဒပြပြည်သူတွေက ပိတ်ဆို့လိုက်တာတွေ့ရပါတယ်။ မီးရထားဝန်ထမ်းတွေဟာ အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်နေကြတာကြောင့် ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားရတာပါ။ မော်လမြိုင်က မီးရထားဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတယ်လို့ဒေသတွင်းမီဒီယာတွေဆီက သိရပါတယ်။ Source - Than Lwin Times Credit: