
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကို သိရတဲ့အတွက် စိတ်ပျက်သောကဖြစ်နေပြီး မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့တစ်ခြား အရပ်ဘက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ အကုန်လုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ပြောကြားလိုက်ပြီး စစ်တပ်ကအာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး တိုက်ခိုက်ချေမှုန်းတာဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ #WeNews #အမေရိကန် Credit: