
"မူဆယ်(၁၀၅)မိုင်တွင်လည်းကားအစီးရေ ရာချီပျက်" မူဆယ်မြို့ (၁၀၅)မိုင်ကြား ရေချောင်းကွေ့အနီး လမ်းမပေါ်တွင် ယနေ့နံနက်မှစ၍ကားအစီးရေ ရာနှင့်ချီပျက်သဖြင့် လမ်းမကြီးပိတ်ဆို့မှု ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်မြို့ ၁၀၅ မိုင်းကြားတွင် လမ်းမပေါ်ထွက်လာသည့် ကားအများစုက ယနေ့မနက် (ဖေဖော်ဝါရီ ၁၇ ရက်) အစောပိုင်း ၇ နာရီခန့်မှ စတင်ကာကားအစီးရေရာနှင့်ချီ၍ ပျက်နေခြင်းဖြစ်သည်။ မူဆယ်-ဂျယ်ကောင်ဂိတ်သို့ ဝင်ရောက်ရန်မှာ ယင်းလမ်းတစ်လမ်းသာ ရှိသောကြောင့် လက်ရှိတွင် ကားအစီးရေများစွာပျက်နေသဖြင့် ဇုန်သို့သွားမည့် ကားများဝင်ရောက်၍ မရသေးပေ။ “ဇုန်ထဲ ဝင်ဖို့က အဲ့တစ်လမ်းပဲရှိတယ်။ အခုက ကားတွေပျက်နေတော့ လမ်းပိတ်နေတယ်။ နမ့်ခမ်းကနေ ပတ်ဖို့ကလည်း မလွယ်ဘူး၊ အဝေးကြီးပတ်ရတယ် ပြီးတော့ လမ်းလည်းမကောင်းဘူး အကွေ့အကောက် အတက်အဆင်းလည်းများတော့ ကုန်တင်ကားတွေသွားလို့အဆင်မပြေဘူး”ဟု မူဆယ်ဒေသခံတစ်ဦးကပြောသည်။ အဆိုပါလမ်းကြောင်းမှတစ်ဆင့် ကားဖြတ်သန်းနေမှုမှာ တစ်ရက်လျှင့် အစီးရေ တစ်ထောင်အထက်ရှိသည်ဟုဒေသခံများကကပြောသည်။ ဓါတ်ပုံ-စန်ရဲ 7Day News Journal Credit: