No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

“ဗဟန်းဖြစ်စဥ် ရပ်ကွက်နေပြည်သူသုံးဦးဒဏ်ရာရ” ရန်ကုန် - ကားမှန်များရိုက်ခွဲရာမှစတင်ခဲ့သော ဖြစ်စဥ်အပြီး နေ့လယ်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ပဋိပက္ခထပ်မံဖြစ်၍ ရပ်ကွက်နေပြည်သူသုံးဦးဒဏ်ရာရရှိခဲ့သည်။ ရိုက်နှက်ခံရသူသုံးဦးအနက် တုတ်ဖြင့်ရိုက်ခံရသူတစ်ဦးမှာ ဦးခေါင်းအရိုက်ခံရ၍ ၁၀ ချက်ချုပ်ရပြီး လေးခွ ထိမှန်ခံရသူ နှစ်ဦးမှာ မေးစေ့ပေါက်ကွဲနှင့် ခြေသလုံးပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။ အဆိုပါအခြေအနေကြောင့် ရပ်ကွက်နေသူများက ကျူးလွန်သူများကို ဖော်ထုတ်ပေးရန်တောင်းဆိုရာ အနီးရှိဘုန်းကြီးကျောင်းတိုက်အတွင်းမှ လေးခွများဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ ထို့နောက် ရဲတပ်ရင်းနှစ်ခု ရောက်ရှိလာပြီး လုံခြုံရေး ယူထားသည်။ ထိုမြင်ကွင်းကြောင့် ကျူးလွန်သူကို မဖမ်းဆီးဘဲ ရပ်ကွက်နေပြည်သူများကို တားဆီးနေခြင်းမှာ ဆူပူမှုဖြစ်စေရန် ပူးပေါင်းကြံစည်သလိုဖြစ်နေကြောင်း ဗဟန်းမြို့နယ်နေ မသီတာကျော်က ပြောသည်။ ဓာတ်ပုံ - 7Day News Credit: