No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နေပြည်တော် သပြေကုန်းအဝိုင်းအနီး ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ ~~~~~ ■ နေပြည်တော် သပြေကုန်းအဝိုင်းအနီး ဆန္ဒပြနေတဲ့ လူစုကို ဒီနေ့ နေ့လယ်ပိုင်း ၂ နာရီခန့်မှာ ရဲတပ်ဖွဲ့က အင်အားသုံး ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတွေ အပါအဝင် လူဦးရေ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ နေ့လယ်ပိုင်း ဆန္ဒပြသူ အင်အားနည်းနေချိန်မှာ ဖမ်းဆီးခံရတာဖြစ်သလို လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း ကရိန်းကားပေါ် သယ်ဆောင်သွားပါတယ်။ ရဲတပ်ဖွဲ့က လူစုခွဲတဲ့ ရေဖျန်းကားတွေနဲ့ ပက်ဖျန်းခဲ့လို့ လမ်းဘေးက ဆိုင်တချို့လည်း ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပါတယ်။ Credit: