No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မမြသွဲ့သွဲ့ခိုင် အတွက် ရတနာကိုးသွယ်ကျွန်းအခေါင်း လှူဒါန်းခဲ့တဲ့ ဦးကျော်သူ ===================== နေပြည်တော်မှာ ဆန္ဒပြရင်း သေနတ်ဒါဏ်ရာကြောင့် ကွယ်လွန်သွားတဲ့ မြသွဲ့သွဲ့ခိုင် အတွက် ရတနာကိုးသွယ်ကျွန်းအခေါင်း လှူဒါန်းပြီး နေပြည်တော်ကို ပို့ဆောင်ခဲ့တဲ့အကြောင်းကို ဖေဖော်ဝါရီလ၂၀ ရက်မှာ နာ​ရေးကူညီမှုအသင်း-ရန်ကုန် ရဲ့ ဥက္ကဌ ဦးကျော်သူကသူရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။ ရတနာကိုးသွယ်ကျွန်းအခေါင်းကိုတော့ ကိုးရက်တိတိပြုလုပ်ခဲ့ရတယ်လို့လည်းဆိုထားပါတယ်။ " ကျဆုံးသွားသော အာဇာနည်သမီးငယ် မမြသွဲ့သွဲ့ခိုင် ၏ နောက်ဆုံးခရီးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာကွယ်လွန်သွားခဲ့တဲ့ အာဇာနည် သမီးငယ် မြသွဲ့သွဲ့ခိုင်အား ဦးညွှတ် အလေးပြုပါတယ်။ သမီးငယ် မြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးဈာပနအခန်းအနားအား မနက်ဖြန် (၂၁.၂.၂၀၂၁)ရက်နေ့၊ တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ ကွေ့ကြီးသုသာန် သို့ နေ့လည် (၁၁:၀၀) နာရီ တွင် ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍ သင်္ဂြိုလ်မည်ဖြစ်ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် ကျွန်တော်၏ အနုပညာအကြံပေးမိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊ စာရေးဆရာ၊ အနုပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန် တည်းကာ(၉)ရက်တိတိ ကိုမောင်မောင်သိန်းလှိုင်၊ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်း အခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှုအသင်းသားများ၊ပရဟိတဝန်ထမ်းများမှ မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက် လှူဒါန်းပို့ဆောင်ခဲ့ပါသည်" လို့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာပါ။ သိမ့် Credit: