No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်က မြန်မာကို ကျပ် သန်း ၆ဝဝ ကျော်ဖိုး ဆေးပစ္စည်းတွေ လှူမည် ~~~~~~~~ စမ်းစမ်းတင် Covid-19 ရောဂါ ကူးစက်နှုန်းထိန်းဖို့ မလေးရှားဘုရင် Al-Sultan Abdullah က နိုင်ငံတဝန်း အရေးပေါ်အခြေအနေ မနေ့က ကြေညာလိုက်ပါတယ်။ သြဂုတ်လ ၁ ရက်ထိ ဒါမှမဟုတ် ဗိုင်းရပ်စ် ကူးစက်နှုန်း ထိန်းနိုင်တဲ့ အခြေအနေအရ ဒီထက် စောရင်စောမယ့် ကာလထိ အရေးပေါ်အခြေအနေ သတ်မှတ်ပါတယ်။ ဘုရင်နဲ့ ဝန်ကြီးချုပ် ဒီလ ၁၁ ရက်နေ့က တွေ့ပြီးတဲ့နောက် ကြေညာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကူးစက်ခံရသူ စံချိန်တင်သွားပြီး မနေ့ကဆို အတည်ပြုလူနာသစ် ၃၃၀၀ ကျော် ရှိတယ်လို့ နိုင်ငံတကာ သုတေသီတွေ ပြုစုတဲ့ WorldOMeter က ဖော်ပြပါတယ်။ ဇယားမှာ မလေးရှားဟာ ကမ္ဘာမှာ ၆၉ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၇၀ ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ အတည်ပြု လူနာသစ် ၅၅၁ ယောက်ရှိပြီး မနေ့ကလူ ၂၀ ထပ်မံ သေဆုံးရပါတယ်။ ကူးစက်ခံရသူ ဦးရေက တသိန်းသုံးသောင်းတထောင်ကျော် သွားပြီး လူ ၂၈၇၈ ယောက် သေဆုံးသွားရပါပြီ။ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက ပြန်သွားတဲ့ လူတွေဟာ သီးခြားစောင့်ကြည့်ဖို့ထားတဲ့ ဟိုတယ် လသာဆောင်ကနေ တံတွေးတွေ ထွေးချကြ၊ အမှိုက်တွေ ပစ်ချကြတယ်လို့ တာ့ခ်ခရိုင် မဲဆောက်ဒေသခံတွေက တိုင်တန်းကြလို့ အာဏာပိုင်တွေက ဒီကိစ္စ စုံစမ်းရတဲ့အကြောင်း The Nation သတင်းက ဖော်ပြပါတယ်။ ဒီအတောအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ သုံးဖို့ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၅၁ သန်းကျော်နဲ့ ညီမျှတဲ့ တရုတ် ယွမ်ငွေ ၂၅၀,၀၀၀ ဖိုးရှိတဲ့ ဆေးပစ္စည်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံက မနေ့က လှူဒါန်းလိုက်ပါတယ်။ တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်း(ကျပ် ၆၁၇ သန်း)ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမယ့်ထဲက ပထမအသုတ်ကို လှူဒါန်းတာပါ။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက Remdesivir ဆေးအလုံး ၃၀၀၀ ကို မနှစ်က အောက်တိုဘာလမှာ လှူဒါန်းခဲ့ဖူးပြီး မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးဆေး သန်း ၃၀ ဝယ်ယူဖို့ရှိ ပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ ဗြိတိန် - ဆွီဒင်နိုင်ငံတကာ AstraZeneca က ထုတ်လုပ်တဲ့ ဆေးကို အိန္ဒိယက Covishield နာမည်နဲ့ ထုတ်လုပ်နေပါတယ်။ SII- Serum Institute of India က ထုတ်လုပ်တာ ဖြစ်ပြီး လူဦးရေ သန်းတထောင်သုံးသိန်းကို ကာကွယ်ဆေး ထိုးပေးဖို့ ဆေးကုမ္ပဏီ ကုန်လှောင်ရုံတွေကနေ ဆေးတွေကို လေယာဉ်တွေနဲ့ မနေ့မနက်မှာ ပို့ဆောင်ပေးပါတယ်။ လေယာဉ် ကိုးစင်း ထိုးဆေး ၅ သန်းခွဲကျော်ကို ဒေလီအပါအဝင် ၁၃ မြို့ကို ပို့ဆောင်လိုက်ပါတယ်။ ကျန်းမာရေးနဲ့ ရှေ့တန်း အလုပ်သမား သန်း ၃၀ ကို ကာကွယ်ဆေး အရင်ဆုံး ထိုးပေးပါမယ်။ ဒီနောက် အသက် ၅၀ အထက်နဲ့ အသက်ဘေးနဲ့ နီးတဲ့လူ သန်း ၂၇၀ လောက် ကာကွယ်ဆေးထိုးရပါမယ်။ အမေရိကန်ပြည်သူတွေအတွက် ထိုးဆေး ၂၂ သန်းကျော် ဖြန့်ဖြူးထားပြီး လူ ၉ သန်းနီးပါး ပထမတကြိမ် ထိုးပြီးသွားပြီလို့ CDC အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တနေ့ကို ပျှမ်းမျှ အမေရိကန် ၃၀၀၀ ကျော် သေဆုံးနေပြီး ၇ ရက်ဆက်တိုက် နေ့တိုင်း အတည်ပြုလူနာသစ် ၂၀၀၀၀၀ နှစ်သိန်းကျော် ရှိပါတယ်။ ဗီဇပြောင်း ဗိုင်းရပ်စ်သစ် စတွေ့ရတဲ့ ဗြိတိန်ဟာ အနောက်ဥရောပနိုင်ငံတွေထဲ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အရှေ့ဥရောပ ရုရှားက ကမ္ဘာ့လေးနိုင်ငံမြောက် ဗိုင်းရပ်စ်အများဆုံး ကူးစက်ခံရပြီး သူ့နောက်မှာ ဗြိတိန်က ငါးနိုင်ငံမြောက် ဖြစ်ပါတယ်။ ကပ်ရောဂါ ဖြစ်ချိန်ကစလို့ အဆိုးဝါးဆုံး အနေအထား ရောက်နေတယ်လို့ ကျန်းမာရေးဌာန ထိပ်တန်းတာဝန်ရှိသူက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီး Matt Hancock ကတော့ လူ ၂ သန်း၃ သိန်းလောက်ကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ပြောပါတယ်။ အမေရိကန် Moderna ကာကွယ်ထိုးဆေးဟာ covid-19 ကို အနည်းဆုံး တနှစ် ကာကွယ်ထားနိုင်တယ်လို့ ပြောပါတယ်။ ပိုးကူးခံရပြီး ပြန်နာလန်ထူလို့ ဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးလို့ ဖြစ်ဖြစ် ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိဦးမှာ မဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့် တကမ္ဘာလုံး ကာကွယ်ဆေး ထိုးသွားနိုင်တာတောင် herd immunity ဆိုတဲ့ လူအုပ်စုလိုက် ရောဂါပိုး ခံနိုင်ရည်ရှိဖို့ အချိန်ယူရဦးမှာမို့ ဒီနှစ်ထဲ လူချင်းခပ်ခွာခွာ နေရဦးမယ်လို့ သတိပေးလိုက်ပါတယ်။ - Unicode ~~~~~~~~ တရုတ်က မြန်မာကို ကျပ် သန်း ၆ဝဝ ကျော်ဖိုး ဆေးပစ္စည်းတွေ လှူမည် ~~~~~~~~ စမ်းစမ်းတင် Covid-19 ရောဂါ ကူးစက်နှုန်းထိန်းဖို့ မလေးရှားဘုရင် Al-Sultan Abdullah က နိုင်ငံတဝန်း အရေးပေါ်အခြေအနေ မနေ့က ကြေညာလိုက်ပါတယ်။ သြဂုတ်လ ၁ ရက်ထိ ဒါမှမဟုတ် ဗိုင်းရပ်စ် ကူးစက်နှုန်း ထိန်းနိုင်တဲ့ အခြေအနေအရ ဒီထက် စောရင်စောမယ့် ကာလထိ အရေးပေါ်အခြေအနေ သတ်မှတ်ပါတယ်။ ဘုရင်နဲ့ ဝန်ကြီးချုပ် ဒီလ ၁၁ ရက်နေ့က တွေ့ပြီးတဲ့နောက် ကြေညာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကူးစက်ခံရသူ စံချိန်တင်သွားပြီး မနေ့ကဆို အတည်ပြုလူနာသစ် ၃၃၀၀ ကျော် ရှိတယ်လို့ နိုင်ငံတကာ သုတေသီတွေ ပြုစုတဲ့ WorldOMeter က ဖော်ပြပါတယ်။ ဇယားမှာ မလေးရှားဟာ ကမ္ဘာမှာ ၆၉ နိုင်ငံမြောက် ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၇၀ ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ အတည်ပြု လူနာသစ် ၅၅၁ ယောက်ရှိပြီး မနေ့ကလူ ၂၀ ထပ်မံသေဆုံးရပါတယ်။ ကူးစက်ခံရသူ ဦးရေက တသိန်းသုံးသောင်းတထောင်ကျော် သွားပြီး လူ ၂၈၇၈ ယောက် သေဆုံးသွားရပါပြီ။ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက ပြန်သွားတဲ့လူတွေဟာ သီးခြားစောင့်ကြည့်ဖို့ထားတဲ့ ဟိုတယ် လသာဆောင်ကနေ တံတွေးတွေ ထွေးချကြ၊ အမှိုက်တွေ ပစ်ချကြတယ်လို့ တာ့ခ်ခရိုင် မဲဆောက်ဒေသခံတွေက တိုင်တန်းကြလို့ အာဏာပိုင်တွေက ဒီကိစ္စ စုံစမ်းရတဲ့အကြောင်း The Nation သတင်းက ဖော်ပြပါတယ်။ ဒီအတောအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ သုံးဖို့ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၅၁ သန်းကျော်နဲ့ ညီမျှတဲ့ တရုတ် ယွမ်ငွေ ၂၅၀,၀၀၀ ဖိုးရှိတဲ့ ဆေးပစ္စည်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံက မနေ့က လှူဒါန်းလိုက်ပါတယ်။ တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်း(ကျပ် ၆၁၇ သန်း)ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမယ့်ထဲက ပထမအသုတ်ကို လှူဒါန်းတာပါ။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက Remdesivir ဆေးအလုံး ၃၀၀၀ ကို မနှစ်က အောက်တိုဘာလမှာ လှူဒါန်းခဲ့ဖူးပြီး မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးဆေး သန်း ၃၀ ဝယ်ယူဖို့ရှိ ပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ ဗြိတိန် - ဆွီဒင်နိုင်ငံတကာ AstraZeneca က ထုတ်လုပ်တဲ့ ဆေးကို အိန္ဒိယက Covishield နာမည်နဲ့ ထုတ်လုပ်နေပါတယ်။ SII- Serum Institute of India က ထုတ်လုပ်တာ ဖြစ်ပြီး လူဦးရေ သန်းတထောင်သုံးသိန်းကို ကာကွယ်ဆေးထိုးပေးဖို့ ဆေးကုမ္ပဏီ ကုန်လှောင်ရုံတွေကနေ ဆေးတွေကို လေယာဉ်တွေနဲ့ မနေ့မနက်မှာ ပို့ဆောင်ပေးပါတယ်။ လေယာဉ် ကိုးစင်း ထိုးဆေး ၅ သန်းခွဲကျော်ကို ဒေလီအပါအဝင် ၁၃ မြို့ကို ပို့ဆောင်လိုက်ပါတယ်။ ကျန်းမာရေးနဲ့ ရှေ့တန်း အလုပ်သမား သန်း ၃၀ ကို ကာကွယ်ဆေး အရင်ဆုံး ထိုးပေးပါမယ်။ ဒီနောက် အသက် ၅၀ အထက်နဲ့ အသက်ဘေးနဲ့ နီးတဲ့လူ သန်း ၂၇၀ လောက် ကာကွယ်ဆေးထိုးရပါမယ်။ အမေရိကန်ပြည်သူတွေအတွက် ထိုးဆေး ၂၂ သန်းကျော် ဖြန့်ဖြူးထားပြီး လူ ၉ သန်းနီးပါး ပထမတကြိမ် ထိုးပြီးသွားပြီလို့ CDC အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တနေ့ကို ပျှမ်းမျှ အမေရိကန် ၃၀၀၀ ကျော် သေဆုံးနေပြီး ၇ ရက်ဆက်တိုက် နေ့တိုင်း အတည်ပြုလူနာသစ် ၂၀၀၀၀၀ နှစ်သိန်းကျော် ရှိပါတယ်။ ဗီဇပြောင်း ဗိုင်းရပ်စ်သစ် စတွေ့ရတဲ့ ဗြိတိန်ဟာ အနောက်ဥရောပနိုင်ငံတွေထဲ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အရှေ့ဥရောပ ရုရှားက ကမ္ဘာ့လေးနိုင်ငံမြောက် ဗိုင်းရပ်စ်အများဆုံး ကူးစက်ခံရပြီး သူ့နောက်မှာ ဗြိတိန်က ငါးနိုင်ငံမြောက် ဖြစ်ပါတယ်။ ကပ်ရောဂါ ဖြစ်ချိန်ကစလို့ အဆိုးဝါးဆုံး အနေအထား ရောက်နေတယ်လို့ ကျန်းမာရေးဌာန ထိပ်တန်းတာဝန်ရှိသူက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီး Matt Hancock ကတော့ လူ ၂ သန်း၃ သိန်းလောက်ကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ပြောပါတယ်။ အမေရိကန် Moderna ကာကွယ်ထိုးဆေးဟာ covid-19 ကို အနည်းဆုံး တနှစ် ကာကွယ်ထားနိုင်တယ်လို့ ပြောပါတယ်။ ပိုးကူးခံရပြီး ပြန်နာလန်ထူလို့ ဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးလို့ ဖြစ်ဖြစ် ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိဦးမှာ မဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့် တကမ္ဘာလုံး ကာကွယ်ဆေး ထိုးသွားနိုင်တာတောင် herd immunity ဆိုတဲ့ လူအုပ်စုလိုက် ရောဂါပိုး ခံနိုင်ရည်ရှိဖို့ အချိန်ယူရဦးမှာမို့ ဒီနှစ်ထဲ လူချင်းခပ်ခွာခွာ နေရဦးမယ်လို့ သတိပေးလိုက်ပါတယ်။ - Zawgyi Credit:RFA