
ချင်းအမျိုးသားနေ့အထိမ်းအမှတ် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ် ========= ၇၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၀ရက် နံနက် ၈နာရီတွင် ရန်ကုန်မြို့ မြေနီကုန်း ပဒုမ္မာပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။ ယင်းဆန္ဒထုတ်ဖော်ရာတွင် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ပူးပေါင်းဝန်းရံခဲ့ရာ လူဦးရေ ၁၀၀၀ ကျော်က ရွှေဂုံတိုင်၌ လမ်းလျှောက်ကြသည်။ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး နှင့် ဖက်ထရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး ၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ လွတ်မြောက်ရေး စသည့်ကြွေးကြော်သံဖြင့် အစီအစဉ်စတင်ခဲ့သည်။ နဒီ မြန်မာတိုင်းမ် Credit: