
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် မုံရွာမြို့တွင် ဆန္ဒပြနေသော သိန်းနှင့်ချီသော လူထုကြီးက ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ပြီး ဆရာတော်သံဃာတော်များက မတ္တောသုတ်ရွတ်ဖတ်ခြင်း၊ ၁၀မိနစ်ငြိမ်သက်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ မုံရွာမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM လုပ်ဆောင်နေသော နိုင်ငံ့ဝန်ထမ်းများ၊တောင်သူလယ်သမားများ၊ လူငယ်အဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ဒေသခံပြည်သူများက မြို့ပေါ်လမ်းမကြီးများတွင် ငြိမ်းချမ်းစွာလှည့်လည်ခဲ့ပြီး စစ်အာဏာရှင် ကျဆုံးပါစေ၊ ဒီမိုကရေစီရရှိရေး၊ ၂၀၂၀ရွေးကောက်ပွဲရလဒ် အတည်ပြုပေး၊ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဒီမိုကရေစီရှင်သန်ရေး ဝန်ထမ်းအားလုံး CDM ပါဝင်ပေး စသည့် ကြွေးကြော်သံများတောင်းဆိုခဲ့သည်။ ဓါတ်ပုံ-မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ Credit: