
မြေနီကုန်း တံတားအောက်က နွေဦးတော်လှန်ရေး ပုံရိပ်များ ~~~~~ ■ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီရရရှိရေး လှုပ်ရှားမှုကို လူငယ်တွေ နည်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါကတော့ မြေနီကုန်း တံတားအောက်မှာ လူငယ်တွေက သူတို့ ပြောချင်တဲ့စကားတွေ၊ ဆန္ဒတွေ လိုလားချက်တွေကို ရေးသားပြီး တံတားတိုင်ခြေမှာ စာတွေကပ်နေကြတာပါ။ "စစ်တပ်ဟာ နိုင်ငံတော်ကို ပုန်ကန်တဲ့အခါ ပြည်သူတွေဟာ တော်လှန်ရေးသမား ဖြစ်လာတယ်။ စစ်တပ်ထွက်သွား။ မန္တလေးကို ကယ်တင်ပါ။" အစရှိတဲ့ စာသားတွေကို ရေးသားထားကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ဆေးနဲ့ နိုင်ငံတော်အလံ ပုံဆွဲပေးသူတွေလည်း ရှိပါတယ်။ နေပြည်တော်က ဆန္ဒပြပွဲမှာ ရဲက သေနတ်နဲ့ပစ်လို့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် အတွက် ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ Credit: