
ဆန္ဒပြပွဲမှာရရှိခဲ့တဲ့ သေနတ်ဒဏ်ရာကြောင့် မနေ့ကသေဆုံးခဲ့တဲ့ ကိုရာဇာအောင်ရဲ့ရက်လည်ကျင်းပဖို့ မိသားစုအခက်တွေ့နေ ------------------------ ဆန္ဒပြပွဲမှာလုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်ခံရလို့ခြေထောက်ထိမှန်ပြီး စစ်ဆေးရုံမှာသေဆုံးခဲ့တဲ့ ကိုရာဇာအောင်ရဲ့နာရေးကို ၎င်းရဲ့နေအိမ်မှာ အလောင်းမရှိဘဲပြင်ဆင်ထားရပါတယ်။ ကိုရာဇာအောင်ကို ဒဏ်ရာကြီးနဲ့ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး မနေ့ကသေဆုံးခဲ့ရာမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့တယ်လို့ စစ်ဆေးရုံကကြေညာခဲ့ပြီး ချက်ချင်း သင်္ဂြိုလ်ခဲ့ပါတယ်။ ကိုရာဇာအောင်က မနေ့ကသေဆုံးခဲ့တာဖြစ်ပြီး ၇ ရက်ပြည့်ရင်ရက်လည်နိုင်ဖို့အတွက်တောင် မိသားစုအနေနဲ့ အခက်တွေ့နေပြီးငွေရှာနေကြတယ်လို့သိရပါတယ်။ မင်းနန္ဒ(မန္တလေး) Crd: