No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လေးခွနဲ့ တုတ်တွေပါတဲ့ တပ်ထောက်ခံတဲ့ကားတစ်စီး ၉၄ လမ်းထဲဝင်ရောက်၊ ရပ်ကွက်နေပြည်သူတွေ တားဆီး ~~~~~ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၄ လမ်း ကန်တော်လေးမှာ အာဏာသိမ်း စစ်ကောင်စီထောက်ခံဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူတွေနဲ့ ကားတစ်စီး ရပ်ကွက်ထဲ ဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေက တားဆီးပြီး ထိန်းသိမ်းခဲ့ပါတယ်။ သူတို့ဟာ သန်လျင်မြို့နယ်ကလာကြတာဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအလံ၊ လေးခွနဲ့ ဖန်ဂေါ်လီလုံးအပြင် တုတ်တွေပါ ပါဝင်ပါတယ်။ ရပ်ကွက်နေပြည်သူတွေကတော့ ပစ္စည်းတွေကိုသိမ်းဆည်း မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ကြပါတယ်။ Crd: