No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာစစ်ကောင်စီကို ထောက်ခံတဲ့သဘောမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ငြင်းဆို မြန်မာ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားရေး၀န်ကြီး ဆိုပြီး ခန့်ထားတဲ့သူကို ဘန်ကောက်မှာ တွေ့ဆုံခဲ့တဲ့ အပေါ်၊ ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖြေရှင်းချက် ထုတ်လာပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက၊ ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ခဲ့တာဟာ စစ်ကောင်စီကို အသိအမှတ်ပြု ထောက်ခံတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ထိုင်း ၀နျကွီးခြုပျက သတင်းထောက်တွေကို ပြောပါတယ်။ တွေ့ဆုံကြတုန်း၊ မြန်မာနိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေကို တစ်ဘက်က ပြောလာတာကို နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ အတူ ထိုင်းလည်းပဲ၊ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ကြား၀င် ညှိနှိုင်းပေးလာဖွယ် ရှိတယ် ဆိုတဲ့ ထင်မြင်ချက်တွေကိုလည်း ထိုင်း၀န်ကြီးချုပ်က ပယ်ချပါတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကွဲလွဲမှုတွေဟာ သူတို့ တိုင်းပြည်ရဲ့ပြဿနာ ဖြစ်တယ်။ ကြှနျုပျအနနေဲ့ ဒီမိုကရေစီဘက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရွေ့သွားအောင်ပဲ အားပေးလိုပါတယ် ဆိုပြီး ကိုယ်တိုင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်တဲ့ ပရာယွတ်က ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဒီအကြောင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ၀ကျဘျဆိုကျ လိုက်ဖ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေပါတယ်။ https://www.bbc.com/burmese/live/burma-56140135 Crd: