No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"နိုင်ငံပိုင် တိရစ္ဆာန်ဥယျာဉ်များကို ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ဖွင့်လှစ်ရန်ညွှန်ကြားထားဟုဆို" ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အပါအဝင် နိုင်ငံပိုင် တိရစ္ဆာန်ဥယျာဉ်များကို ဖေဖော် ဝါရီ ၂၄ ရက်ကစ၍ သုံးလစမ်း သပ်ဖွင့်လှစ်ရန် သစ်တောဦးစီး ဌာနက ညွှန်ကြားထားသည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည် တော်)၊ ဆာဖာရီဥယျာဉ် (နေ ပြည်တော်)၊နက္ခတ်တာရာပြခန်း (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တို့အား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ် ရန်နှင့် အခြေအနေများကို စနစ် တကျ မှတ်တမ်းတင်ရိုက်ကူးရန် ညွှန်ကြားထားကြောင်း သစ်တော ဝန်ထမ်းတစ်ဦးက ပြောသည်။ တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူးက ဖွင့်ဖို့ညွှန် ကြားထားတာ။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကတော့ ဒီနေ့ ပြန်ဖွင့် တယ်ကြားပါတယ် ဟု ၎င်းက ဆိုသည်။ ပြန်ဖွင့်ရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ Mask၊ Face Shield တပ်ဆင်ပြီးမှဝင်ခွင့်ပြုရန်၊ အပူချိန်တိုင်းတာရန်၊ ခြောက်ပေ ခွာ၍ ဝင်ရောက်ကြည့်ရှုစေရန်၊ လက်ဆေးဘေစင်များနှင့် လက် သန့်စင်ဆေးရည်များကို ပြကွက် တိုင်းတွင်ထားရှိရန် ညွှန်ကြား ထားသည်။ သတင်းအပြည့်အစုံ https://7day.news/story/304240 Crd: