No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

“ပြည်သူ့ဆန္ဒဖြင့်ထွက်ပေါ်လာမည့်ရလဒ်ကိုလက်ခံရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော ” နေပြည်တော် - ပြည်သူ့ဆန္ဒဖြင့်ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်ကို မဖြစ်မနေ လက်ခံရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင်က ပြောသည်။ "ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာပဲ"ဟု ၎င်းကပြောသည်။ ယနေ့နံနက်က နေပြည်တော် ဇေယျာသီရိကုန်တိုက်အတွင်းရှိ မဲရုံသို့ လာရောက်မဲပေးစဉ် သတင်းထောက်များ အား ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ထို့အပြင် ရဲဘော်၊ရဲဘက် လုပ်ဖော်ကိုင်ဖက်များဖြင့် မဲအတူတူ ဆန္ဒမဲပေးချင်၍ ကြိုတင်မဲမပေးဘဲ ယနေ့မှသာ မဲပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ သတင်း - ရဲနိုင် ဓာတ်ပုံ - ပိုင်စိုးသူ Credit: