No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဇန်နဝါရီ-၁၃၊၂၀၂၁ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့နယ် ပိုင်ရန်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်သစ်ကူးနေ့အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ အညီ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနား မနက်ပိုင်းမှာတော့ ကရင်အမျိုးသားအလံလွှင့်ထူတာ၊ ဘုန်ကြီးဆွမ်းကပ်တာ၊ နှစ်ကူးဆုမွန်တောင်းတာတွေပြုလုပ်ခဲ့ပြီ နှစ်ကူးသဝဏ်လွှာတွေကို ဖတ်ကြားတင်ပြခဲ့ပါတယ်။ ဓာတ်ပုံ - စောအောင်မင်းဦး (7Day TV)