No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပဲခူးမှာ စနိုက်ပါနဲ့ပစ်ခဲ့တယ်လို့ယူဆရတဲ့အဆောက်အဦကို မြို့ခံမဟုတ်သူတွေဦးဆောင်ပြီး ဖျက်ဆီးမှုများလုပ်နေ ----------------- ပဲခူးမြို့မှာ ဒီကနေ့ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့သူတွေက စနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခံရတယ်လို့ယူဆရပြီး စနိုက်ပါတွေနဲ့ တက်ပစ်ခဲ့တဲ့နေရာလို့ သံသယရှိတဲ့ အဆောက်အဦကို မြို့ခံမဟုတ်သူတွေက ဦးဆောင်လှုံ့ဆော်ပြီး ဖျက်ဆီးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ အဆိုပါအဆောက်အဦပိုင်ရှင်က စနိုက်ပါလို့ယူဆရတဲ့အရာမှာ အင်တာနက်တပ်ဆင်ထားတဲ့တိုင်ဖြစ်ကြောင်းကိုရှင်းပြခဲ့ပေမယ့်လည်း ဖျက်ဆီးမှုလုပ်နေသူတွေက အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ မှန်တွေကိုရိုက်ခွဲတာတွေကိုလုပ်နေကြပါတယ်။ လတ်တလောမှာတော့ ရဲတပ်ဖွဲ့ကလူစုခွဲခဲ့ပြီး ဖျက်ဆီးနေတဲ့လူအုပ်စုလည်းထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။ Credit: