
"ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မြန်မာပြည်သူများနှင့်အတူရှိကြောင်း ဆန္ဒပြနေ" မြန်မာပြည်သူများနှင့်အတူရှိကြောင်း၊ တပ်မတော်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပြသရန်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ထိုင်းပြည်သူများနှင့် ထိုင်းရောက်မြန်မာများက ယနေ့ညနေပိုင်းတွင်ဆန္ဒပြနေကြသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လူသေဆုံးသည်အထိ့အကြမ်းဖက် ဖြိုခွင်းခံရမှုအပေါ် စာနာကြောင်း၊ အတူရှိနေကြောင်းပြသရန် လမ်းပေါ်ထွက်ဆန္ဒပြနေကြခြင်းဖြစ်သည်။ ယခုအခါ ဘန်ကောက်မြို့ရှိ Victory Monument တွင်စုဝေးဆန္ဒပြနေပြီး ၊ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အိမ်တော်အထိ့ချီတက်ဆန္ဒပြကြမည်ဟု Bangkok Post သတင်းဌာနက ဖေစ်ဘွခ်မှ Live လွှင့်ရင်းဖော်ပြထားသည်။ ကိုးကား/ဓါတ်ပုံ - Bangkok Post /Thai enquirer Credit: