
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မူလက ပုဒ်မ ၂ခုနဲ့ စွဲဆိုထားရာက ဒီကနေ့မှာ နောက်ထပ်ပုဒ်မတွေထပ်တိုးတရားစွဲဆိုလိုက်တယ်လို့သိရပါတယ်။ လက်တလောအနေနဲ့ သိရတာက ပုဒ်မ ၅၀၅(ခ) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်တိုးဖွင့်လိုက်ကြောင်း တရားရုံးဘက်ကနေ သိရတယ်လို့ နေပြည်တော်အခြေစိုက် ဘီဘီစီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။ ဒီကနေ့ မတ် ၁ ရက်နေ့မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုပါ ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ရုံးထုတ်သွားတာဖြစ်တယ်သိရပါတယ်။ သတင်းအပြည့်အစုံကိုတော့ ထပ်မံတင်ပြပေးသွားပါမယ်။ https://bbc.in/3dVdOt7 Photo- Getty Images Credit: