
ရင်ညွန့်အပစ်ခံရပြီး သေဆုံးခဲ့တဲ့ မန္တလေးက ကိုကျော်ထက်ခေါင် နာရေး ~~~~~ ■ မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ၆၈ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြားမှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေစဥ် ရင်ညွန့်ကို ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုကျော်ထက်ခေါင် အသက် ၂၈ နှစ်ရဲ့ နာရေးအိမ် ဖြစ်ပါတယ်။ ဒီမနက်မှ သေဆုံးတာ သိရတယ်။ ဒဏ်ရာတွေလည်းတွေ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ ကိုကျော်ထက်ခေါင်ရဲ့ နာရေးကို လာမယ့် မတ်လ ၃ ရက်နေ့ မနက် ၁၀ နာရီ တောင်အင်း မြောက်အင်းသုသာန်မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။ နာရေးအိမ်က ၈၆ လမ်း ၈၇ လမ်း၊ ၄၀ နဲ့ ၄၁ လမ်းကြား မဟာအောင်မြေ ကားကြီးကွင်းထဲမှာပါ။ ကိုကျော်ထက်ခေါင်မှာ ၇ နှစ်အရွယ် သားတယောက်ကျန်ရှိနေပြီး သူနဲ့ပါသွားတဲ့ ဆိုင်ကယ်နဲ့ ဖုန်းတွေတော့ ပြန်မရသေးဘူးလို့ သိရပါတယ်။ မန္တလေးမြို့မှာ သေနတ်နဲ့ ပစ်ခံရပြီး မနေ့က သေဆုံးသူ ၃ ယောက် ရှိခဲ့ပါတယ်။ Credit: