No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ညအိပ်စဉ် အသက်ရှူရပ် မရပ် ဘယ်လို သိနိုင်မလဲ။ အိပ်စက်ခြင်းသည် လူတစ်ယောက်အတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။ ကောင်းမွန်စွာ အိပ်စက်ခြင်းသည် ကျန်းမာခြင်းအတွက် အလွန်အရေးပါပါသည်။ ဦးနှောက်၊ နှလုံး၊ ကြွက်သား၊ အသည်း၊ အဆုတ် အစ ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများအား အနားပေးပြီး ပျက်စီးသည့် Cells ဆဲလ်များအား ပြန်လည်ပြုပြင်ခြင်း၊ နောက်တစ်နေ့ လုပ်ငန်းဆောင်တာများအတွက် ပြင်ဆင်ခြင်း အစ ရှိသည့် အရေးပါသော လုပ်ငန်းဆောင်တာများသည် အိပ်စက်ခြင်း အချိန်တွင် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမွန်စွာ အိပ်ပျော်မှ ဦးနှောက် ဆဲလ်များ ကောင်းမွန်စွာ အနားရပြီး နောက်တစ်နေ့ ထလာသည့် အခါတွင် အားအင် အပြည့်ဖြင့် လန်းလန်းဆန်းဆန်း နိုးထလာမည်ဖြစ်ပါသည်။ တစ်ရက်အိပ်ရေးပျက်လျှင်ပင် ခေါင်းမကြည်ခြင်း၊ ခေါင်းအုံခြင်း၊ စိတ်အာရုံ စူးစိုက်နိုင်မှု အားနည်းခြင်းများဖြစ်ပေါ် ပါသည်။ ထို့ကြောင့် အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ ခြင်းကြောင့် ကောင်းမွန်စွာ အိပ်မပျော်ပါက နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့် နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ အစရှိသော ရောဂါများအား ပိုမိုဖြစ်စေပြီး ရောဂါရှိနေပါက လည်း ပို၍ ဆိုးရွားစေပါသည်။ ဟောက်ခြင်းသည် အသက်ရှူလမ်းကြောင်း ကျဉ်းခြင်းကြောင့် ဖြစ်ပေါ်ပါသည်။ ကျွန်ုပ်တို့၏လည်ချောင်းရှိကြွက်သားများသည် ညဘက်အိပ်ပျော်သွားသောအခါ relax state ဟုခေါ်သောအကြောဖြေလျော့သကဲ့သို့ ပျော့သွားသည့် အဆင့်သို့ရောက်ရှိသွားသောအခါတွင် အသက်ရှူလမ်းကြောင်း ကျဉ်းသွားသည့် အတွက် ဟောက်သည့် အသံစတင်ထွက်ပေါ်ပါသည်။ နောက်ပိုင်း ပို၍ အိပ်ပျော်သွားသောအခါတွင် ပို၍သိသာစွာ အသက်ရှူလမ်းကြောင်းကျဉ်းပြီး ပိတ်သွားသလို ဖြစ်ခြင်းဖြစ်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း၍ အသက်ရှူရပ်သွားခြင်းသည် အိပ်နေစဉ်တစ်နာရီတွင်း တွင် အကြိမ် ၃၀ ခန့်ထက်ပို၍ ပိတ်ဆို့နေလျှင် ဆိုးရွားသောအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး သိသာထင်ရှားစွာ နောက်ဆက်တွဲပြသနာများကိုမလွဲမသွေခံစားရမည်ဖြစ်ပါသည်။ အသက်ပုံမှန်ရှူနေသော်လည်းအဆုတ်တွင်းလေများမဝင်တော့ခြင်းကြောင့်လေထဲမှအောက်စီဂျင်များသွေးထဲသို့မရောက်သကဲ့သို့ ဦးနှောက်တွင်းသို့လည်းအောက်စီဂျင်လုံလောက်စွာမရတော့ပေ။ အသက်ရှူသည့်လေပြွန်သည်ပိတ်သွားသော်လည်းမိမိသည်အိပ်ပျော်နေသောကြောင့်မိမိ အောက်စီဂျင်မရခြင်းကိုမိမိကိုယ်တိုင်မသိရှိပေ။ အောက်စီဂျင်သည်ပုံမှန်အားဖြင့် သွေးထဲတွင် ၉၆ မှ ၁၀၀ ရာခိုင်နှုန်းတွင်ရှိရမည်ဖြစ်သော်လည်းလေပြွန်ပိတ်ဆို့သွားသည့်အခါတွင် ၈၀ အောက်ထိကျသွားတတ်ပါသည်။ သို့သော်ခန္ဓာကိုယ်၏ အလိုအလျောက်တုန့်ပြန်အာရုံကြောစနစ်များမှသိရှိပြီးလေပြွန်များပွင့်ရန်ကြိုးစားပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းတွင် မိမိသည်ဟောက်နေရာမှ အသက်ရှူလုံးဝရပ်သွားခြင်းဖြစ်ပေါ်ပါသည်။ ထို့နောက် မိမိ၏ အလိုအလျောက်တုန့်ပြန်စနစ်များမှလှုံ့ဆော်မှုများကြောင့် ပြန်လည်နိုးထလာပြီးလေပြွန်ပြန်ပွင့်ပြီးအသက်ပြန်ရှူပါသည်။ ထိုသို့ပြန်လည် နှိုးထဖို့ အတွက် ဦးနှောက်မှ ပြန်လည် နိုးထပြီး အသက်ရှူရသည့် အတွက် တစ်ညလုံး ဦးနှောက်အနားမရ ဖြစ်နေပါသည်။ ထို့ကြောင့် တစ်ညလုံးကောင်းစွာအိပ်ရေးမဝခြင်းဖြစ်နေသည်ကတစ်ကြောင်း၊ အောက်စီဂျင်ကောင်းစွာမရရှိခြင်းကြောင့် ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်းလည်းဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ လက်တွေ့တွင် အိပ်ရေးမဝခြင်းသာမက မိမိကိုယ်တိုင်မသိနိုင်သောခန္ဓာကိုယ်တွင်းဇီဝပြောင်းလဲမှုများလည်းဖြစ်ပေါ်ပြီး သွေးပေါင်ချိန်တက်လာခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းတို့သည် အခြားသော ကျန်းမာရေးနှင့် ပက်သက်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။

Sleep study လုပ်ခြင်းဖြင့် မိမိ အိပ်နေသော အနေအထားကိုပါသိရှိနိုင်သောကြောင့် အနေအထားကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းများပါသိရှိနိုင်ပြီးအချို့သောလူများတွင် မိမိအိပ်စက်မှုပုံစံကိုပြုပြင်ရန်လိုအပ်ခြင်း Positional Therapy အား ခံယူနိုင်သည်အထိ Sleep Study မှ တိတိကျကျ သိရှိနိုင်ပါသည်။ OSA အား ကုသသော Definitive Treatment သည် CPAP စက်တပ်အိပ်ခြင်းဖြစ်ပါသည်။ ယခုအခါတွင် ပို၍ ခေတ်မီလာသော အခါ Auto CPAP များပေါ်လာပြီး လူနာအသက်ရှူလမ်းကြောင်းပိတ်သည့် အခါတွင် စက်မှ အလိုအလျောက် ပိတ်ဆို့ မှ ပမာဏအား တိုင်းတာ၍ လိုအပ်သော Pressure အား ပေးနိုင်သည်အထိ လူနာအား သက်တောင့်သက်သာ ဖြစ်စေသော စက်များပေါ်လာပြီဖြစ်ပါသည်။ Auto CPAP တွင် အချို့ပိုမိုကောင်းမွန်သော စက်များတွင် လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ဟုခေါ်သော လေတွင် ရေငွေ့များ ပါဝင်စေခြင်းဖြင့် အသက်ရှူရာတွင် သက်တောင့်သက်သာ ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ ထို့အပြင် စက်တပ်ခြင်းဖြင့် ယခင်ဟောက်သောသူများပင် အသက်ရှူလမ်းကြောင်းပွင့်သွားသော ကြောင့် ဟောက်ခြင်းလုံးဝ မဖြစ်စေတော့ပဲ အခြားမိသားစုဝင်များပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ OSA သည် နှလုံးသွေးကြောကျဉ်းစေခြင်း၊ နှလုံး ခုန်မမှန်ခြင်း၊ သွေးတိုးဖြစ်စေခြင်း၊ အစရှိသော နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်စေသော ကြောင့် OSA ရှိပါက Sleep Study ပြုလုပ်ပြီး မိမိ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ ခြင်းအား တိုင်းတာသင့်ပြီး ကုသမှု ခံယူသင့်ပါသည်။ ကုသမှု ခံယူခြင်းသည် လည်း စက်ကလေး တပ်ရုံဖြင့် ကုသနိုင်သောကြောင့် ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်းများ ရှိသော မိဘပြည်သူများအနေဖြင့် Sleep Study ပြုလုပ်ပြီး ကုသမှု လိုအပ်ပါက စောလျင်စွာ ကုသမှု ခံယူသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။

အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။ Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။

အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။

Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။

Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။

ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။