No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လေဒီဂါဂါဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလအတွင်း ဂျိုးဘိုင်ဒန်နဲ့အတူ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဂျနီဖာလိုပက်ဇ်ကလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးမှုမှာ ဂျိုးဘိုင်ဒန်နဲ့အတူ ပါဝင်ခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က အနိုင်ရခဲ့ပြီး လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး ဂျနီဖာလိုပက်ဇ်ကတော့ သီးခြား တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သွားမယ်လို့ ဆိုပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ဟန့်ခ်က ကျော်ကြားသူများပါဝင်ကြမယ့် ရုပ်မြင်သံကြား အထူးအစီအစဥ်ကို အစီအစဥ်မှူးအဖြစ် ဦးဆောင်တင်ဆက်သွားရန် စီစဥ်ထားပါတယ်။ Celebrating America လို့ အမည်ပေးထားတဲ့ မိနစ် ၉၀ ကြာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်အနား ရုပ်သံအစီအစဥ်မှာ ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဂျွန်ဘွန်ဂျိုဗီ၊ ဒီမီလိုဗာတို၊ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ အန့်တ်ကလီမွန်စ်တို့ကလည်း ပါဝင်ကြမှာြဖစ်ပြီး ABC ၊ CBS ၊ CNN ၊ NBC နဲ့ MSNBC တို့က တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုတဲ့ရက်မှာ ဝါရှင်တန်ဒီစီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားအုံးမယ်လို့လည်း သိရပါတယ်။ ယမန်နှစ် သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအဝေးပြုလုပ်စဥ် သမ္မတဒေါ်နယ်ထရန့် လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ လွှတ်တော်အဆောက်အအုံ ဆူပူအကြမ်းဖက် စီးနင်းခံရပြီးနောက် ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ ရဲ့ မြို့တော်အားလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးထားပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးနဲ့ ဖြစ်လာနိုင်တဲ့ ဆူပူအုံကြွ အကြမ်းဖက်ဆန္ဒပြမှုတွေကို တားဆီးကာကွယ်ရန် လွှတ်တော်အဆောက်အအုံ အပါအဝင် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရဲ့ နေရာတွေမှာ အစောင့်တပ်ဖွဲ့မှ စစ်သား ၁၀,၀၀၀ ကို ဖြန့်ကျက်ချထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် စစ်သား ၅,၀၀၀ ကို အသင့်အနေအထား ရှိနေစေမယ်လို့ အစောင့်တပ်ဖွဲ့က ပြောထားပါတယ်။ Featured International News ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂျေလိုနဲ့ လေဒီဂါဂါတို့ သီဆိုဖျော်ဖြေမည် ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ Ko John•3 hours ago ရွေးကောက်ခံ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်နဲ့ လေဒီဂါဂါတို့ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ (ဂျိုးဘိုင်ဒန်နှင့် လေဒီဂါဂါ) (Photo: Lady Gaga/Twitter) လေဒီဂါဂါဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလအတွင်း ဂျိုးဘိုင်ဒန်နဲ့အတူ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဂျနီဖာလိုပက်ဇ်ကလည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးမှုမှာ ဂျိုးဘိုင်ဒန်နဲ့အတူ ပါဝင်ခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က အနိုင်ရခဲ့ပြီး လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ သမ္မတရာထူးကို တရားဝင် လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။ no-image International News လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွမှုကို လှုံ့ဆော်မှုဖြင့် အမေရိကန်သမ္မတထရန့် စွပ်စွဲပြစ်တင်ခံရ Ko John•1 day ago no-image International News အမေရိကန်မှာ ပြည်တွင်းစစ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် စစ်သားများ လွှတ်တော်ထဲမှာ စခန်းချ Ko John•2 days ago ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး ဂျနီဖာလိုပက်ဇ်ကတော့ သီးခြား တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သွားမယ်လို့ ဆိုပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား တွမ်ဟန့်ခ်က ကျော်ကြားသူများပါဝင်ကြမယ့် ရုပ်မြင်သံကြား အထူးအစီအစဥ်ကို အစီအစဥ်မှူးအဖြစ် ဦးဆောင်တင်ဆက်သွားရန် စီစဥ်ထားပါတယ်။ (ဂျနီဖာလိုပက်ဇ်) (Photo: David J. Philip/AP) Celebrating America လို့ အမည်ပေးထားတဲ့ မိနစ် ၉၀ ကြာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်အနား ရုပ်သံအစီအစဥ်မှာ ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဂျွန်ဘွန်ဂျိုဗီ၊ ဒီမီလိုဗာတို၊ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ အန့်တ်ကလီမွန်စ်တို့ကလည်း ပါဝင်ကြမှာြဖစ်ပြီး ABC ၊ CBS ၊ CNN ၊ NBC နဲ့ MSNBC တို့က တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုတဲ့ရက်မှာ ဝါရှင်တန်ဒီစီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားအုံးမယ်လို့လည်း သိရပါတယ်။ ယမန်နှစ် သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအဝေးပြုလုပ်စဥ် သမ္မတဒေါ်နယ်ထရန့် လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအကြမ်းဖက် စီးနင်းခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ (လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှု မြင်ကွင်းတစ်ခု) (Photo: Getty Images) လွှတ်တော်အဆောက်အအုံ ဆူပူအကြမ်းဖက် စီးနင်းခံရပြီးနောက် ဂျိုးဘိုင်ဒန်ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ ရဲ့ မြို့တော်အားလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးထားပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးနဲ့ ဖြစ်လာနိုင်တဲ့ ဆူပူအုံကြွ အကြမ်းဖက်ဆန္ဒပြမှုတွေကို တားဆီးကာကွယ်ရန် လွှတ်တော်အဆောက်အအုံ အပါအဝင် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရဲ့ နေရာတွေမှာ အစောင့်တပ်ဖွဲ့မှ စစ်သား ၁၀,၀၀၀ ကို ဖြန့်ကျက်ချထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် စစ်သား ၅,၀၀၀ ကို အသင့်အနေအထား ရှိနေစေမယ်လို့ အစောင့်တပ်ဖွဲ့က ပြောထားပါတယ်။ (လွှတ်တော်အဆောက်အအုံမှာ လုံခြုံရေးယူထားသည့် စစ်သားများ) (Photo: AP) အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်သူဦးရေကို အလွန်အမင်း ကန့်သတ်ထားမှာဖြစ်ပြီး ခပ်ခွာခွာနေရမယ့် COVID-19 စည်းမျဥ်းနဲ့အညီ စီစဥ်ဆောင်ရွက်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့က ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့က အမေရိကန်ပြည်သူတွေကို ဝါရှင်တန်ဒီစီသို့ ခရီးမထွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။ ယမန်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အိမ်ဖြူတော်မှထွက်ခွာရမယ့် သမ္မတထရန့်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်အနားကို တက်ရောက်မှာမဟုတ်ကြောင်း ပြောထားပြီး ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတဖြစ်လာမယ်လို့ သိရပါတယ်။ (ရာထူးသက်တမ်းကုန်တော့မည့် သမ္မတထရန့်) (Photo: White House video screengrab) ၎င်းအားထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ အကြမ်းဖက်စီးနင်းခဲ့မှုနဲ့ ဆက်စပ်ပြီး အောက်လွှတ်တော် (House of Representative) က ထရန့်ကို လှုံ့ဆော်မှုဖြင့် စွပ်စွဲပြစ်တင်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့မှုအရ ထရန့်ကို အထက်လွှတ်တော် (Senate) မှာ ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ အမတ်သုံးပုံနှစ်ပုံ ထောက်ခံမှုရှိခဲ့ပါက ထရန့်ကို နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုရန် တားမြစ်ပိတ်ပင်နိုင်ကြောင်း သိရပါတယ်။ ၎င်းအား စွပ်စွဲပြစ်တင်ကြောင်း အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်နေ့မှာ ထရန့်က အကြမ်းမဖက်ဘဲ ငြိမ်ချမ်းစွာနေကြရန် ထောက်ခံသူတွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။