
တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မတော်နှင့် ဆက်နွှယ်သူများအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်လေးဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စတင်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ''အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော လက်ရှိတပ်မတော်အရာရှိများနှင့် ယခင်တပ်မတော်အရာရှိခြောက်ဦးတို့ကိုဒဏ်ခတ်ပိတ်ဆို့ရန်ထုတ်ပြန်သတ်မှတ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်က ယနေ့တုံ့ပြန်လိုက်သည်။ ယင်းအပြင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လေးဦးနှင့် တပ်မတော်က ထိန်းချုပ်သောသို့မဟုတ် ပိုင်ဆိုင်သောလုပ်ငန်းအဖွဲ့အစည်းသုံးခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ရန် ထုတ်ပြန်သတ်မှတ်လိုက်သည်။ ဤသို့ ထုတ်ပြန်သတ်မှတ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသောအစိုးရကိုဖယ်ရှားရာတွင် အဓိကဦးဆောင်ခဲ့သည့် လက်ရှိနှင့် ယခင်တပ်မတော်အရာရှိများကို ပစ်မှတ်ထားခြင်းဖြစ်သည်''ဟု ထုတ်ပြန်ထားသည်။ Credit: