
ဆူးလေ ရှန်ဂရီလာ ဟိုတယ်ကို ၉ လကြာယာယီပိတ်ထားမယ် ဇန်နဝါရီ - ၁၃ ၊၂၀၂၁ ရန်ကုန်မြို့က ဆူးလေ ရှန်ဂရီလာ ဟိုတယ်ကို ၉ လကြာယာယီပိတ်ထားမယ်လို့ ဟိုတယ်ဘက်က ဒီနေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ ဟိုတယ်ယာယီပိတ်တာကိုတော့ ဖေဖော်ဝါရီလ ၁ ရက်မှာစတင်မယ်လို့သိရပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းပြီး အသုံးစရိတ် ကန့်သတ်ရမယ့် အခြေအနေတွေကြောင့် ဒီလို ဆုံးဖြတ်လိုက်တာလို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် Sule Square Mall & Office နဲ့ Shangri-La Residences တွေကိုဆက်လက်ဖွင့် ထားမှာဖြစ်ပြီး နောက်ထပ် ၉ လကြာရင် ဟိုတယ်ပါ ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်လောက်ကျရင် စီးပွားရေးအလုပ်အကိုင်အခြေအနေတွေလည်းတိုးတက်လာဖို့မျှော်လင့်ထား တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဓာတ်ပုံ - ဆူးလေရှန်ဂရီလာဟိုတယ်ဝက်ဆိုက်ဒ်