
ပုသိမ်မြို့ မှာ ရဲနဲ့စစ်တပ်ကို ရှောင်ကွင်းပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ ဆန္ဒပြ ~~~~~~ ■ ပုသိမ်မြို့မှာ ရဲနဲ့စစ်တပ်ကို ရှောင်ကွင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပုသိမ်မြို့ ရာမညရပ်ကွက် လမ်းတွေမှာ စစ်ကြောင်း တစ်ကြောင်းနဲ့ စကားဝါနဲ့ ကွမ်းခြံ ရပ်ကွက်လမ်းတွေမှာ စစ်ကြောင်း တစ်ကြောင်းတို့က လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီး ဖြိုခွင်းတာတွေရှိပေမယ့် ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြနေတာ ဒီနေ့ဆိုရင် ၂၅ ရက် ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ Credit: