No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အသည်းရောဂါအများစုသည် ဖြစ်ဖြစ်ချင်းတွင် ချက်ချင်းမသိပဲ အသည်း ထိခိုက်ပြီး အသည်းအတွင်းမှ Bilirubin ဟုခေါ်သော အသားဝါစေသည့် ဓာတ်များသွေးတွင်းသို့ရောက် လာပြီး မျက်လုံးဝါခြင်း၊ အသားဝါခြင်းများ ဖြစ်ပေါ်လာသည့် အချိန်တွင်မှ အသည်းရောဂါဖြစ်မှန်းသိရှိရပါသည်။ ထိုမျှသာမက မိမိတွင် ဖြစ်ပေါ်သည့် အသည်းရောင် အသားဝါ အမျိုးအစား၊ အသည်းအမျိုးအစား အပေါ်မူတည်ပြီးလည်း ရောဂါလက္ခဏာ ဖြစ်ပေါ်သော အချိန်မှာ ကွာခြားပါသည်။ ဥပမာ အသည်းရောင် အသားဝါတွင် အဖြစ်များသော အသည်းရောင် အသားဝါရောဂါများမှာ အသည်းရောင် အသားဝါ A, B , C ဟူ၍ ၃ မျိုးရှိပါသည်။ အသည်းရောင် အသားဝါ A ပိုးသည် နာတာရှည် အသည်းရောင် အသားဝါခြင်းမျိုး မဟုတ်ပဲ ရုတ်တရက် အလျင်အမြန် အသည်းအား ထိခိုက်စေပြီး အသည်းရောဂါလက္ခဏာများ ပြတတ်ပါသည်။ ရုတ်တရက် ကိုယ်လက်ကိုက်ခဲခြင်း၊ အန်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း စသည်တို့ ဖြစ်ပေါ်ပါသည်။ ရုတ်တရက်ဖြစ်ပေါ်သည့်အတွက် အသည်းရောင် အသားဝါ A ပိုးသည် ထိရောက်စွာကုသမှု ခံယူရန် လိုအပ်ပြီး ကုသမှုခံယူခြင်းမရှိပါက အသည်းပျက်စီးသည် အထိ ဖြစ်ပေါ်စေနိုင်ပါသည်။ အသည်းရောင် အသားဝါ B ပိုးနှင့် C ပိုးသည် နာတာရှည် အသည်းရောင် အသားဝါရောဂါ များဖြစ်သည့် အားလျော်စွာ လူအား ချက်ချင်းဒုက္ခ မပေးတတ်ပေ။ ထို့ကြောင့် မည်သည့်အသည်းရောဂါ လက္ခဏာများ မပြပဲ သွေးစစ်ဆေးကြည့်၍ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးရှိနေခြင်းအား သိရှိရတတ်ပါသည်။ B ပိုး၊ C ပိုးသည် ကာလကြာရှည်စွာ ခန္ဓာကိုယ်ထဲတွင် ရှိပြီး တဖြည်းဖြည်းဖြင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာများ ဖြစ်စေပြီး လူနာအား အသက်ဆုံရှူံးစေသည် အထိ ဒုက္ခပေးတတ်ပါသည်။ အသည်းအားရုတ်တရက် ထိခိုက်စေသော အသည်းရောဂါများမှ လွဲ၍ အခြားသော အသည်းရောဂါများမှာ များသောအားဖြင့် ရောဂါလက္ခဏာများ မပြတတ်ပဲ အသည်းအား အတော်အတန် ထိခိုက်မှသာ ရောဂါ လက္ခဏာများ ပြတတ်ပါသည်။ အကြမ်းဖျင်းအားဖြင့် အသည်းရောဂါကြောင့် ခံစားရသော ရောဂါ လက္ခဏာများအား အောက်တွင်ဖော်ပြထားပါသည်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက အကြမ်းဖျင်းအားဖြင့် အသည်းရောဂါ တစ်ခုခုဖြစ်နေသည် ဟု မိမိကိုယ်ကို သတိထားသင့်ပါသည်။

အသည်းရောဂါများ အကြောင်းအား အောက်တွင် ဖော်ပြထားပါသည်။ ၁။Infections (ရောဂါပိုးကြောင့် ဖြစ်သော အသည်းရောဂါများ) -အသည်းရောင် အသားဝါ A ပိုး (Hepatitis A) -အသည်းရောင် အသားဝါ B ပိုး (Hepatitis B) -အသည်းရောင် အသားဝါ C ပိုး (Hepatitis C) ၂။အရက်သောက်ခြင်းကြောင့် ဖြစ်သော အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်း ၃။အသည်းအဆီဖုံးခြင်းကြောင့် ဖြစ်ပေါ်စေသော အသည်းရောဂါ ၄။အချို့သော အသည်းအား ပျက်စီးစေသော ဆေးများ၊ Chemical များကြောင့် အသည်း ပျက်စီးခြင်း ၅။မိမိခန္ဓာကိုယ်၏ ခုခံအား စနစ်ကြောင့် ဖြစ်သော အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းများ ၆။မွေးရာပါ Genetic မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်သော အသည်းရောဂါများ ၇။သည်းခြေပြွန်ရောဂါများကြောင့် သည်းခြေပြွန်ပိတ်ခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း ၈။အသည်းတွင် ပြည်တည်ခြင်း ၉။အသည်းကင်ဆာဖြစ်ခြင်း အသည်းရောဂါများသည် စဖြစ်သော အခါတွင် များသော အားဖြင့် ရောဂါလက္ခဏာများ သိသိသာသာ မခံစားရပါ။ အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများသည် အသည်းအတော်အတန် ပျက်စီးသည့်အခါတွင် မှ လက္ခဏာစတင် ပြသည်ဖြစ်ပါသည်။ ဥပမာ အသားဝါခြင်း၊ မျက်လုံးဝါခြင်း သည် အသည်း ဆဲလ်များ အတော်များများပျက်စီးပြီး Bilirubin ဟုခေါ်သောဓာတ်များ အသည်း ဆဲလ် များမှ ထွက်လာခြင်းကြောင့် အသားဝါခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့အသားဝါလျှင် အသည်းဆဲလ်များသည် အတော်အတန်ပျက်စီးနေပြီ ဖြစ်ပါသည်။

B ပိုး နှင့် ပက်သက်၍ လူသိနည်းသေးသော အချက်အလက်များ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းအားဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။ အများဆုံး B ပိုးကူးစက်နိုင်သော သူများမှာ ၁။မိခင်မှ ကလေးမွေးသည့်အခါတွင် ကလေးအားကူးစက်ခြင်း ၂။လိင်ဆက်ဆံခြင်း ၃။မူးယစ်ဆေးဝါးအား ဆေးထိုးအပ်တစ်ချောင်းထဲဖြင့် မျှဝေသုံးစွဲခြင်း ၄။အပ်စူးမိခြင်း အသည်းရောင်အသားဝါသည် အသက်ငယ်ရွယ်စဉ်တွင် ကူးစက်ပါက နာတာရှည် အသည်းရောင် အသားဝါ B ရောဂါ ဖြစ်စေသော ရာခိုင်နှုန်း အလွန်များပါသည်။ နာတာရှည် အသည်းရောင်အသားဝါ B ရောဂါ ဖြစ်နေသည့်သူများအား သွေးစစ်ကြည့်လိုက်သော အခါတွင် B ပိုးအား တွေ့မြင်နေရမည်ဖြစ်ပါသည်။ သို့သော်လည်း နာတာရှည် အသည်းရောင် အသားဝါ B ရောဂါ ရှိနေပြီ ဆိုပါက ၃၀ ရာခိုင်နှုန်းသော လူနာများသည် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း ဖြစ်စေတတ်ပါသည်။ ထိုရာခိုင်နှုန်းသည် ၃ ယောက်လျှင် ၁ယောက်နှုန်းသည် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ပြီး နောင်အချိန်တွင် အသက်အန္တရာယ် ရှိမည်အား ဆိုလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထို နာတာရှည် အသည်းရောင် အသားဝါ B ရောဂါ ဖြစ်နေသော သူများအနေဖြင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ မဖြစ်ခင်ကတည်းက မည်သို့ ရောဂါအား ကာကွယ်ရမည်အား အောက်တွင် ရေးသားဖောြ်ပထားပါသည်။ အသည်းရောင်အသားဝါ B ပိုး ကြောင့် ခံစားရသော ရောဂါ လက္ခဏာများ များသောအားဖြင့် အသည်းရောင်အသားဝါ B ပိုးရှိသော လူနာများသည် B ပိုးကူးစက်သည့်အချိန်တွင် သိသိသာသာသော ရောဂါလက္ခဏာ မခံစားပါ။ တုပ်ကွေးဖြစ်ခြင်းကဲ့သို့ သော လက္ခဏာဖြစ်သော ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း များခံစားရပြီး ရက်အနည်းငယ် အတွင်းနားနေလိုက်သော အခါတွင် ပြန်လည်ကောင်းမွန်သွားတတ်ပါသည်။ အချို့ အနည်းငယ်သော လူနာများတွင်သာ ပြင်းထန်သော လက္ခဏာများခံစားရပြီး ရုတ်တရက် အသည်းရောင်သော လက္ခဏာများဖြစ်သော အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ကိုယ်လက်များ နုန်းချိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း စသော ရောဂါ လက္ခဏာများ ခံစားရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ရုတ်တရက် အသည်းရောင်သော လူနာများတွင် အခန့်မသင့်ပါက ရုတ်တရက် အသည်းပျက်စီးပြီး အသက်ဆုံးရံှူးနိုင်သည် အထိပြင်းထန်တတ်ပါသည်။ သို့သော်လည်း ထိုကဲ့သို့ အသက်ဆုံးရှူံးသည် အထိ ပြင်းထန်သည်မှာ အလွန်ရှားပါသည်။ များသောအားဖြင့် သတိမထားလိုက်မိပဲ သွေးစစ်ဆေးသည့်အခါတွင်မှ B ပိုးရှိနေမှန်း သိရှိရသည်မှာ များပါသည်။ B ပိုးကို ဘယ်လိုကုသသလဲ။

လူအများသိထားသည့်အတိုင်း B ပိုးသည် အသည်းရောင် အသားဝါများတွင် ကာကွယ်၍ ရသော တစ်ခုတည်းသော အသည်းရောင်အသားဝါ ပိုးဖြစ်ပါသည်။ B ပိုးသည် ကာကွယ်ဆေးထိုးပြီး မဖြစ်အောင် ကာကွယ် ၍ ရသောကြောင့် မကူးစက်ခင် ကတည်းက လူတိုင်း ကာကွယ် ဆေးထိုးထားသင့်ပါသည်။ သို့သော်လည်း B ပိုးကူးစက်ခံရပြီး B ပိုးဖြစ်ပြီ ဆိုလျှင် ယခုအချိန်အထိ ပျောက်အောင် ကုသနိုင်ခြင်းမရှိသေးပါ။ ဘယ်အချိန်မှာ B ပိုးအား ဆေးသောက်ပြီး ကုလေ့ရှိသလဲ။ B ပိုးရှိနေသော သူတိုင်း ဆေးသောက်ရန် မလိုအပ်ပါ။ တိုတိုတုပ်တုပ် ပြောရလျှင် B ပိုးကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်စေသော ရာခိုင်နှုန်းများသော လူနာများသာ B ပိုးအား ထပ်မံပွားများခြင်း နည်းအောင် ဆေးသောက်ရခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် B ပိုးအား ဆေးသောက်ပြီး ကုသခြင်းဆိုသည်မှာ ဒီအတိုင်း ဆေးမသောက်ပဲ နေလျှင် B ပိုးကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း များဖြစ်စေပြီး လူနာအား ထိခိုက်မှု များမည်ဖြစ်သောကြောင့် B ပိုးအား ထပ်မံမပွားလာအောင်၊ ပွားလာမှု နည်းအောင် ဆေးဖြင့် ဖိနှိပ်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် B ပိုးအား ကုသသင့်သည် ဆိုသည်မှာ အသည်းအထူးကု သမားတော်မှ ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ B ပိုးဆေးသည် အခြားသောဆေးများနှင့် မတူပဲ အလွန်ပင် သတိထား၍ သောက်သုံးရသော ဆေးဖြစ်ပါသည်။ အမြဲတမ်း အသည်းအထူးကု သမားတော်၏ ညွှန်ကြားချက်ဖြင့် ဆေးမပြတ်စေပဲ သောက်သုံးရမည်ဖြစ်ပြီး ဆေးပြတ်သွားလျှင်လည်း ဆေးယဉ်ပါးများ ဖြစ်ပြီး ဆေးမတိုးခြင်းများ ဖြစ်နိုင်သည့်အတွက် ဂရုတစိုက် စွဲစွဲမြဲမြဲ သောက်သုံးရမည်ဖြစ်ပါသည်။ B ပိုးဆေးသောက်ပြီးလျှင်လည်း ပြတ်၍ မရပဲ တစ်သက်လုံး သောက်သုံးရမည့် ဆေးဖြစ်ပါသည်။ များသောအားဖြင့် B ပိုးဆေး သောက်သုံးရန် လိုအပ်သော လူနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။B ပိုးကောင်ရေ စစ်ဆေးကြည့်သည့်အခါတွင် ကျသွားခြင်းမရှိပဲ အမြဲတမ်းများနေခြင်း၊ အသည်းအထူးကု သမားတော် သတ်မှတ် လက်ခံထားသော အကောင်အရေအတွက် ထက်များနေခြင်း။ ၂။အသည်း အင်ဇိုင်းများ တက်လာခြင်း။ အမြဲတစေများနေခြင်း။ ၃။မိသားစုဝင်များတွင် အသည်းကင်ဆာဖြစ်ခြင်း၊ အသည်းကင်ဆာဖြင့် ဆုံးပါးသွားသည့် သူရှိခြင်း။ ၄။အရက်သောက်သုံးသော လူနာဖြစ်ခြင်း။ ၅။သွေးတွင်းတွင် AFP ဟုခေါ်သော အသည်းကင်ဆာဓာတ်များခြင်း ၆။အခြားသော အသည်းရောင်အသားဝါ များနှင့် တွဲနေခြင်း (ဥပမာ - အသည်းရောင်အသားဝါ C ပိုး၊ D ပိုးနှင့် HIV ပိုးရှိခြင်း) ထို့ကြောင့် B ပိုးရှိပြီဆိုလျှင် အနည်းဆုံး အသည်းအထူးကု သမားတော်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး မိမိ B ပိုးအကြောင်း သိရှိအောင်လုပ်ထားသင့်ပါသည်။ မိမိအသည်းသည် အသည်းခြောက်ခြင်းရှိမရှိအား Ultrasound ရိုက်သင့်ပြီး အသည်းပျက်စီးမှုအခြေအနေအား အသည်းအထူးကု သမားတော်နှင့် စမ်းသပ် ကုသပြသ သင့်ပါသည်။

B ပိုးရှိသော သူတိုင်း B ပိုးဆေးသောက်ရန် မလိုပဲ၊ B ပိုးသည် မိမိအသည်းအား ထိခိုက်စေနိုင်သော ပမာဏ အထိ B ပိုးသည် ပြင်းထန်သည်ဆိုမှသာ ဆေးပေးခြင်းဖြစ်သည့်အတွက် B ပိုးရှိသည့် လူနာတိုင်းသည် မိမိ အသည်းပျက်စီးမှု မများခင်ကတည်းက အသည်းအထူးကု သမားတော်နှင့် ပြသကာ အကြံဉာဏ်တောင်း၍ ကုသမှု ခံယူသင့်ပါသည်။ နာတာရှည် အသည်းရောင် အသားဝါ B ပိုးရှိသည့် ၃ ယောက်လျှင် ၁ယောက်နှုန်းသည် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ပြီး နောင်အချိန်တွင် အသက်အန္တရာယ် ရှိမည် ဖြစ်သောကြောင့် မပေါ့ဆပဲ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ မဖြစ်မီ အချိန်အား ကြိုတင် သိရှိပြီး အသည်း B ပိုးဆေး သောက်သုံးမှသာ ထိရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် B ပိုးရှိပြီဆိုလျှင် အသည်းပျက်စီးမှု မရှိခင်ကတည်းက အသည်းအထူးကု သမားတော်နှင့် ပြသပြီး စမ်းသပ်ကုသမှု ခံယူမည်ဆိုပါက အသည်းခြောက်ခြင်း၊ ရေဖျင်းဆွဲခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ B ပိုး၊ C ပိုး သိရှိပြီး သော လူနာတိုင်းသည် Ultrasound အား ပိုးရှိမှန်း သိလျှင်သိချင်း ရိုက်ထားသင့်ပါသည်။ Ultrasound ရိုက်ထားခြင်းအားဖြင့် အသည်းရောဂါဝေဒနာရှင်များ သည် မိမိအသည်းအခြေအနေ အရပ်ရပ်ဖြစ်သော အသည်းခြောက်ခြင်း ရှိမရှိ၊ ရေဖျင်းရှိမရှိ၊ အသည်းအဆီဖုံးခြင်း ရှိမရှိ၊ အသည်းကင်ဆာဖြစ်စေသော အလုံးအကြိတ်များ ရှိမရှိ၊ အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ အလုံးအကြိတ်များ ပျံ့နှံ့သွားခြင်း ရှိမရှိ၊ အခြားသော အင်္ဂါအစိတ်အပိုင်းများဖြစ်သော အစာအိမ်၊ ကျောက်ကပ်၊ ဘေလုံး၊ ဆီးကျိတ်၊ သားအိမ်၊ သားဥအိမ်၊ ပန်ကရိယ စသော ခန္ဓာကိုယ်တွင်း အရေးကြီးသော အစိတ်အပိုင်းများအား ကောင်းမွန်ခြင်းအား ကြိုတင်သိရှိနိုင်ပါသည်။ B ပိုး၊ C ပိုး ရှိနေခြင်းသည် အချိန်နှင့် အမျှ အသည်းပျက်စီးနေသောကြောင့် ၆ လ၊ ၁ နှစ်နေလျှင် Ultrasound ထပ်မံ ရိုက်သည့်အခါတွင် အသည်းပျက်စီးမည်မျှ ထပ်မံပျက်စီးနေကြောင်း နှိုင်းယှဉ်သိရှိနိုင်ပါသည်။ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းအားဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။ အသည်းရောင်အသားဝါ C ပိုးရောဂါ အကြောင်း အသည်းရောင်အသားဝါ C ပိုးသည် B ပိုးနှင့် အလွန်အလားတူဖြစ်ပြီး ယခုအခါတွင် C ပိုးသည် ဆေးသောက်ပြီး ကုသပါက ၉၀ ရာခိုင်နှုန်းကျော် ပျောက်ကင်းနေပြီ ဖြစ်ပါသည်။ C ပိုးအား မကုသပဲ ထားလျှင် အချိန်ကြာမြင့်လာ သည့်အခါတွင် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းတို့ မလွဲမသွေ ဖြစ်မည်ဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားပါက အသက်ဆုံးရှူံးသည် အထိ အန္တရာယ် ပေးနိုင်ပါသည်။ C ပိုးအား ကုသသည့်အခါတွင် C ပိုး အမျိုးအစားအား စစ်ဆေးပြီး အမျိုးအစား အလိုက် ဆေးအား ၃ လ မှ ၆ လ အထိ သောက်သုံးရနိုင်ပါသည်။ C ပိုးအား ဆေးသောက်ရန် အတွက် ကုန်ကျ စရိတ်မှာ ၁၅ သိန်းမှ ၂၀ သိန်း ဝန်းကျင်ခန့်ကုန်ကျနိုင်ပါသည်။ ထို့ကြောင့် C ပိုးရှိသော လူနာများအနေဖြင့် C ပိုးအား အသည်းအထူးကု သမားတော်များနှင့် တိုင်ပင်ပြီး ဆေးသောက်သုံးကာ C ပိုးပျောက်ကင်းအောင် ကုသသင့်ပါသည်။

အသည်းရောဂါများအား မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ။ အထက်တွင် ဖော်ပြထားသော ရောဂါများအနက်မှ အဖြစ်အများဆုံး အသည်းရောဂါများသည် အသည်းအရောင်အသားဝါ A ပိုး၊ B ပိုး၊ C ပိုး၊ အရက်ကြောင့် အသည်းပျက်စီးခြင်း၊ အသည်းအဆီဖုံးခြင်းကြောင့် အသည်း ခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးသည် လူအများသိရှိထားသည့်အတိုင်း သွေးမှကူးစက်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း တို့ဖြစ်သည့်အတွက်ကြောင့် ထိုအရာများအား တတ်နိုင်သလောက် ရှောင်ရှားရပါမည်။ ရှောင်ရှားခြင်းထက်ပို အရေးကြီးသော အရာမှာ B ပိုး၊ C ပိုး ရှိမရှိစစ်ဆေးခြင်း ဖြစ်ပါသည်။ B ပိုး၊ C ပိုး ရှိလျှင် အသည်းအထူးကုဆရာဝန်ကြီးမှ စမ်းသပ်ပြီး စောစီးစွာ ကုသမှုခံယူရန် လိုအပ်ပါသည်။ B ပိုး၊ C ပိုးသည် အချိန်ကြာမြင့်လာလျှင် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ပြောင်းပြီး အသက်အန္တရာယ် ဖြစ်စေသည်အထိ ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် တွေ့ရှိပါက စောလျှင်စွာ အသည်းအထူးကုဆရာဝန် နှင့် ပြသပြီး ကုသမှုခံယူသင့်ပါသည်။ နောက်ထပ် အရေးကြီးသော အချက်မှာ B ပိုး၊ C ပိုး သိရှိပြီး သော လူနာတိုင်းသည် Ultrasound အား သိလျှင်သိချင်း ရိုက်ထားသင့်ပါသည်။ Ultrasound ရိုက်ထားခြင်းအားဖြင့် အသည်းရောဂါဝေဒနာရှင်များ သည် မိမိအသည်းအခြေအနေ အရပ်ရပ်ဖြစ်သော အသည်းခြောက်ခြင်း ရှိမရှိ၊ ရေဖျင်းရှိမရှိ၊ အသည်းအဆီဖုံးခြင်း ရှိမရှိ၊ အသည်းကင်ဆာဖြစ်စေသော အလုံးအကြိတ်များ ရှိမရှိ၊ အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ အလုံးအကြိတ်များ ပျံ့နှံ့သွားခြင်း ရှိမရှိ၊ အခြားသော အင်္ဂါအစိတ်အပိုင်းများဖြစ်သော အစာအိမ်၊ ကျောက်ကပ်၊ ဘေလုံး၊ ဆီးကျိတ်၊ သားအိမ်၊ သားဥအိမ်၊ ပန်ကရိယ စသော ခန္ဓာကိုယ်တွင်း အရေးကြီးသော အစိတ်အပိုင်းများအား ကောင်းမွန်ခြင်းအား ကြိုတင်သိရှိနိုင်ပါသည်။ B ပိုး၊ C ပိုး ရှိနေခြင်းသည် အချိန်နှင့် အမျှ အသည်းပျက်စီးနေသောကြောင့် ၆ လ၊ ၁ နှစ်နေလျှင် Ultrasound ထပ်မံ ရိုက်သည့်အခါတွင် အသည်းပျက်စီးမည်မျှ ထပ်မံပျက်စီးနေကြောင်း နှိုင်းယှဉ်သိရှိနိုင်ပါသည်။ အရက်အား ရေရှည်စွဲသောက်သော မိဘပြည်သူများအနေဖြင့် Ultrasound ရိုက်ပြီး အသည်းခြောက်ခြင်း၊ ရေဖျင်းဆွဲခြင်း စသော အသည်းနှင့် ပက်သက်သော အခြေအနေများအား သိရှိအောင် ကြိုတင်စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။ အသည်းအထူးကုဆရာဝန် နှင့် ပြသပြီး အရက်သောက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နေ မနေအား စမ်းသပ်စစ်ဆေးကြည့်သင့်ပြီး အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးမှု နည်းအောင် အသည်းအထူးကုဆရာဝန်နှင့် ပြသပြီး ညွှန်ကြားသည့်အတိုင်း အသည်းဆေးများသောက်ပြီး ကုသမှုကြိုတင်ခံယူသင့်ပါသည်။

အသည်းကင်ဆာသည် အဓိကအားဖြင့် B ပိုး၊ C ပိုးကြောင့် အဖြစ်များပါသည်။ ထို့ကြောင့် အထူးသဖြင့် C ပိုးရှိသောလူနာသည် ကုသမှု မခံယူပါက အသည်းကင်ဆာသို့ ၉၀ ရာခိုင်နှုန်းပြောင်းတတ်ပါသည်။ သို့သော်လည်း ကံကောင်းသည်မှာ အသည်းရောင်အသားဝါ C ပိုးသည် ဆေးသောက်ရုံဖြင့် ကုသ၍ ပျောက်ကင်းသော ရောဂါဖြစ်လာပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိသော လူနာတိုင်း ရောဂါပိုး ရှိမှန်းသိလျှင် သိချင်း အသည်းအထူးကု ဆရာဝန်နှင့် ပြသသင့်ပြီး ကုသမှု ခံယူသင့်ပါသည်။ အချုပ်အားဖြင့် ဆိုသော် အသည်းရောဂါများကာကွယ်ရန် အတွက် အခြေခံအကျဆုံးသော အရာမှာ Ultrasound ရိုက်ကူးခြင်း၊ B ပိုး၊ C ပိုး စစ်ဆေးခြင်း နှင့် အသည်းအထူးကုဆရာဝန် နှင့် စမ်းသပ်ကုသခြင်း ဖြစ်ပါသည်။ အသည်းရောဂါ ဝေဒနာရှင်များ သာမက မိဘပြည်သူတိုင်း Ultrasound အား Medical Checkup အနေဖြင့် ရိုက်ကူးထားသင့်ပါသည်။ အထက်တွင်ဖော်ပြထားသော အသည်းနှင့် ပက်သက်သော ရောဂါများ သိရှိမည့်အပြင် အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖြစ်သော အစာအိမ်ရောင်ခြင်း ရှိမရှိ၊ သည်းခြေအိတ်ရောင်ခြင်း ရှိမရှိ၊ သည်းခြေကျောက်ရှိမရှိ၊ ပန်ကရိယ ကောင်းမကောင်း၊ ကျောက်ကပ် ကောင်းမကောင်း၊ ကျောက်ကပ်တွင် ကျောက်ရှိမရှိ၊ အသက်အရွယ်ကြီးသော အမျိုးသားများအတွက် ဆီးကျိတ်ကြီးမကြီး၊ အမျိုးသမီးများအတွက် သားအိမ်တွင် အလုံးရှိမရှိ၊ သားဥ အရည်အိတ်ရှိမရှိ၊ ဘေလုံးကောင်းမကောင်း၊ အခြားသော အလုံးများ၊ ကင်ဆာအလုံးများ ရှိမရှိ စသည်တို့အား သိရှိနိုင်သည့်အတွက် အလွန်ပင် အကျိုးများသော စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အသည်း ကောင်းမကောင်း စစ်ဆေးခြင်း Liver Package အား စီစဉ်ထားရှိပါသည်။ Liver Package (40000 ကျပ်) ၁။အသည်း Ultrasound ရိုက်ခြင်း ၂။အသည်း ကောင်း မကောင်း သွေးမှ အသည်း Enzyme များစစ်ဆေးခြင်း ၃။အသည်းအထူးကု သမားတော် နှင့် စမ်းသပ်ပြသခြင်း ၄။ဆေးခန်းဝန်ဆောင်ခ တို့ ပါဝင်မည်ဖြစ်ပါသည်။ Liver Package ပြုလုပ်လိုသူများအနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅, ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဆွေးနွေးပြသနိုင်သော အသည်းအထူးကုဆရာဝန်များမှာ ၁။ တွဲဖက်ပါမောက္ခ ဒေါက်တာမေကြည်ကျော် M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK), Dr.Med.Sc(Hepatology) အသည်းရောဂါ ဌာန ကုတင် (၅၀၀) ဆန့် အထူးကုဆေးရုံကြီး၊ ရန်ကုန်။ အင်္ဂါနေ့ ညနေ ၆နာရီ။ ၂။ဒေါက်တာ ငြိမ်းမွန်ယု M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK) အသည်းရောဂါဌာန ကုတင် (၅၀၀) ဆန့် အထူးကုဆေးရုံကြီး၊ ရန်ကုန်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅နာရီ။ ကျန်သော ရက်များ On Call. ၃။ဒေါက်တာ ဟန်စုယဉ် M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK) အသည်းရောဂါဌာန ကုတင် (၅၀၀) ဆန့် အထူးကုဆေးရုံကြီး၊ ရန်ကုန်။ Daily On Call. ၄။ဒေါက်တာ အေးမွန်ဦး M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK) အသည်းရောဂါဌာန ကုတင် (၅၀၀) ဆန့် အထူးကုဆေးရုံကြီး၊ ရန်ကုန်။ Daily On Call. Liver Package ပြုလုပ်လိုသူများအနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၁-၂၃၁၄၁၄၆၊ ၀၉-၉၇၂၁၇၆၇၈၆ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။

အသည်းရောဂါများနှင့် ပက်သက်ပြီး Ultrasound မရိုက်ပဲ အသည်းအထူးကု သမားတော်များနှင့် တိုင်ပင်ချင်သော မိဘပြည်သူများအနေဖြင့် လည်း Booking ယူပြီး ရိုးရိုးပြသနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ December အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ December အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။သည်။