No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မောကြပ်ခြင်းသည် နှလုံးကြောင့်မောခြင်း၊ အဆုတ်ကြောင့်မောခြင်းနှင့် သွေးအားနည်းရောဂါများကြောင့်မောခြင်းအမျိုးမျိုးဖြစ်နိုင်ပါသည်။ မောကြပ်ခြင်းသည် နှာခေါင်းမှရှူသွင်းလိုက်သောလေမှ အောက်စီဂျင်များသည် အဆုတ်၏ရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်တွင်းသို့မဝင်ရောက်နိုင်ခြင်းသည် အဆုတ်ကြောင့်မောကြပ်ခြင်းကိုဖြစ်စေပါသည်။ အဆုတ်ကြောင့်မောကြပ်ခြင်း၏အဓိကလက္ခဏာများဖြစ်သောရင်ကြပ်ခြင်း၊အသက်ရှူလျှင်တရွှီရွှီမြည်ခြင်းသည်အသက်ရှူလမ်းကြောင်းရှိလေပြွန်လမ်းကြောင်းကလေးများကျဉ်းနေခြင်းကိုဖော်ပြပါသည်။ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဖွဲ့စည်းပုံ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဖွဲ့စည်းပုံမှာ လည်ပင်းရှိလေပြွန်ချောင်း(trachea) သည် ရင်ခေါင်းတွင်းသို့စတင်ဝင်ရောက်ချိန်တွင် နှစ်ဖက်ခွဲသွားပြီး ညာဘက်လေပြွန်သည်ညာဘက်အဆုတ်ထဲသို့ဝင်ရောက်ပြီး အဆုတ်လေအိပ်လေးများနှင့် အဆုံးသတ်ပြီး ဘယ်ဘက် လေပြွန်သည်လည်းဘယ်ဘက်လေပြွန်သည်ဘယ်ဘက်အဆုတ်ထဲဝင်ပြီး အဆုတ်လေအိတ်ငယ်လေးများအဖြစ်အဆုံးသတ်သွားပါသည်။အဆုတ်တွင်းသို့ ဝင်ရောက်သွားပြီး သည့် လေပြွန်ကလေးများကျဉ်းခြင်းသည် ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါများ၏ အဓိကဖြစ်စဉ်ဖြစ်ပါသည်။ လေသည်ကျဉ်းမြောင်းသည့်လမ်းကြောင်းကိုဖြတ်သန်းရသည့်အခါ အဆုတ်တွင်းမှရှူထုတ်ရာတွင်လေများသည် ကျဉ်းမြောင်းသော လေပြွန်လမ်းကြောင်းကိုပွတ်တိုက်ခြင်းကြောင့် အသံများမြည်ခြင်း၊ လေများသည်အကုန်မထွက် နိုင်ဘဲ အဆုတ်လေအိတ်များထဲ လေများကျန်နေခြင်းကြောင့် နောက်တစ်ခေါက်ရှိုက်ရှူရာတွင် အသက်ရှူရမဝခြင်း၊ မောနေခြင်း၊ အသက်ရှူရာတွင် ရင်ဘတ်နှင့်လည်ပင်းရှိကြွက်သားများပါ လှုပ်ရှားနေရခြင်း၊ ပျက်စီးနေသောအဆုတ်လေအိတ်များမှ အကျိအချွဲများထုတ်ခြင်းကြောင့် သလိပ်များထွက်ခြင်း၊ ချောင်းခဏခဏဆိုးခြင်း၊ပျက်စီးနေသောအဆုတ်ထဲသို့ ပိုးဝင်လွယ်ရာမှ အဆုတ်ထဲပိုးဝင်ခြင်းစသည့်လက္ခဏာများဆက်တိုက်ဖြစ်နိုင်ပါသည်။ လေပြွန်များကျဉ်းခြင်းကိုဖြစ်စေနိုင်သောအဓိကအကြောင်းရင်းနှစ်ခုမှာ ၁။ ဓာတ်မတည့်ခြင်း ( Allergy ) တို့ကြောင့်ကျဉ်းပြီးရင်ကြပ်ခြင်းဖြစ်ပေါ်တတ်သော Asthma (ပန်းနာရင်ကြပ်)ဖြစ်နိုင်သကဲ့သို့ ၂။ဆေးလိပ်ကြာရှည်သောက်ခြင်း၊ညစ်ညမ်းသောလေထုကိုကြာရှည်ရှူရှိုက်ခြင်းတို့ ကြောင့်ဖြစ်တတ်သောအဆုတ်ပြွန်ကလေးများပျက်စီးခြင်းကြောင့်ကျဉ်းခြင်း(COAD)သို့မဟုတ် မွေးရာပါအဆုတ်ပွရောဂါ( Emphysema) တို့ကြောင့်ရင်ကြပ်ခြင်း၊ တရွှီရွှီမြည်ခြင်းတို့ဖြစ်တတ်ပါသည်။ အထက်ပါရောဂါတို့သည်အဖြစ်အများဆုံးသောရင်ကြပ်ရောဂါများဖြစ်ပြီးဆေးရှူရင်းဆေးရှူရင်း အဆင့်မြင့် dose တိုးကာရှူရင်းတစ်ခါတရံမသက်သာသောအခြေအနေများဖြစ်ခြင်း၊ ရောဂါထဖောက်ပြီးကြပ်သောအခြေအနေများဖြစ်ခြင်းစသည့်ပြသနာမျိုးစုံဖြစ်နိုင်သောရောဂါများဖြစ်သောကြောင့်အသေးစိတ်ကိုဖော်ပြပါမည်။ ၁။ဆေးလိပ်ကြောင့်အဆုတ်ပွရောဂါ (COPD) အသက် ၄၀ ကျော်တွင်အဖြစ်များပြီး ဆေးလိပ်နှင့်ဆက်စပ်သောကြောင့်အမျိုးသားများတွင်ပို၍ဖြစ်လေ့ရှိကြောင်းတွေ့ရပါသည်။ သို့သော်ဆေးပေါလိပ်ခဲတတ်သောအမျိုးသမီးများ၊ မိမိအိမ်မှဆေးလိပ်သောက်သူတစ်ဦးဦး၏ဆေးလိပ်ငွေ့ ကိုရှူရှိုက်နေရခြင်းကြောင့်နေ့စဉ်အဆိပ်ငွေ့နှင့်ထိတွေ့နေရခြင်းကြောင့် အဆုတ်များပျက်စီးခြင်းဖြစ်ပေါ်ပြီး အဆုတ်ပွခြင်းဖြစ်ပေါ်တတ်ပါသည်။ အဆုတ်ပွရောဂါ ရှိသူ၏အဆုတ်သည်သာမန်လူများထက်ပို၍ပိုးဝင်လွယ်ပြီးမကြာခဏ အဆုတ်ထဲပိုးဝင်ခြင်းကြောင့် ရင်ကြပ်အမောဖောက်ခြင်းဖြစ်ပေါ်ပြီးဆေးရုံတက်ရပါသည်။

အဆုတ်ပွခြင်း၏ရောဂါလက္ခဏာများမှာ ၁။ အသက်ရှူကြပ်ခြင်း၊ ၂။ အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း ၃။ ချောင်းဆိုးခြင်း ၄။ သလိပ်ထွက်ခြင်း(အဆုတ်ထဲပိုးဝင်ခြင်းတွင်းသလိပ်သည်အဝါရောင်၊ အစိမ်းရောင်များဖြစ်ခြင်း) ၅။ ပင်ပန်းလွယ်ခြင်း၊ ခြေလက်များရောင်ခြင်း တို့ဖြစ်တတ်ပါသည်။ ရင်ဘတ်အောင့်ခြင်းနှင့်ချောင်းဆိုးသွေးပါခြင်းတို့သည် အဆုတ်ပွခြင်း၏ ပင်မလက္ခဏာများမဟုတ်ပဲအရေးကြီးသောအဆုတ်ကင်ဆာများနှင့်တွဲဆက်လျက်ရှိနိုင်သောကြောင့်အလွန်သတိထားပြီး အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော်နှင့်အလျင်အမြန်ပြသသင့်သောအရေးပေါ်အခြေအနေများဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့်အဓိကအဖြစ်များပြီး ဆေးလိပ်ကိုယ်တိုင်မသောက်ပဲဆေးလိပ်ငွေ့ရှူရှိုက်နေရခြင်းသည်လည်း အဆုတ်ပွခြင်းကိုဖြစ်စေတတ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်မိခင်ကဆေးလိပ်သောက်ခြင်းကြောင့်လည်း ဗိုက်ထဲမှကလေးများမွေးလာသောအခါတွင်အဆုတ်ဖွံ့ဖြိုးချိန်တွင် ဆေးလိပ်ငွေ့နှင့်ထိတွေ့ထားခြင်းကြောင့် အဆုတ်ပွခြင်းဖြစ်ပေါ်တတ်ပါသည်။ဆေးလိပ်သောက်ခြင်းအပြင် အဆုတ်ပွခြင်းကိုပိုဆိုးစေသောအကြောင်းအရာများမှာလေကောင်းလေသန့်ကောင်းစွာမရရှိခြင်း၊ အလုံပိတ်အိမ်များတွင်နေထိုင်ခြင်း၊ မီးသွေးမီးဖိုများ၊ ဆီကြော်ဖိုများနားတွင်နေထိုင်ခြင်းတို့ကြောင့်မီးခိုးငွေ့များနေ့စဉ်ရှူရှိုက်နေရခြင်းသည်လည်း အဆုတ်ပွရောဂါကိုပိုဆိုးစေသောအကြောင်းအရာများဖြစ်ပေသည်။ သွေးတွင်းအောက်စီဂျင်ဓာတ်ကိုတိုင်းသောလက်ထိပ်တွင်တပ်သောpulse oximeter တိုင်းကြည့်လျှင် အောက်စီဂျင်ကျနေကြောင်း တွေ့ရတတ်ပါသည်။ ကုသနည်းကာကွယ်နည်း အဆုတ်ပွခြင်း၏ အဓိကကုသမှုမှာဆေးလိပ်ဖြတ်ခြင်းနှင့်အသက်ရှူမဝခြင်းသက်သာစေရန် လေပြွန်ကျယ်စေသောဆေးများရှူခြင်း၊ချွဲပျော်ဆေးများ၊ ပိုးသတ်ဆေးများလိုအပ်လျှင်သောက်ခြင်းတို့ဖြစ်ပါသည်။ ရေရှည်ကုသမှုအတွက်အကောင်းဆုံးမှာဆေးလိပ်လုံးဝဖြတ်ထားသောလူတွင်အောက်စဂျင် ကို ကြာရှည်တောက်လျှောက်ရှူခြင်းဖြစ်ပါသည်။ ဆိုးရွားသောအဆင့်တွင် အောက်စီဂျင်အိုးကိုအမြဲမပျက်ဝယ်ထားပြီး တစ်နေ့လျှင် ၁၈ နာရီရှူရပြီး အကောင်းဆုံးမှာ ၂၄ နာရီလုံး အောက်စီဂျင်တပ်ထားနိုင်လျှင်အကောင်းဆုံးကုသမှုဖြစ်ပါသည်။အဆုတ်ပွလျှင်ပုံမှန်လူများထက်ပို၍ တုပ်ကွေးပိုးများဝင်ပြီး အဆုတ်ထဲပိုးဝင်ခြင်း၊ရောဂါဖောက်ခြင်းတို့ဖြစ်တတ်သောကြောင့် Flu တုပ်ကွေးကာကွယ်ဆေးများနှစ်စဉ်မဖြစ်မနေထိုးခြင်းတို့ပြုလုပ်ရမည်ဖြစ်ပါသည်။ ၂။ ပန်းနာရင်ကြပ်ရောဂါ (asthma) ပန်းနာရင်ကြပ်ရောဂါသည် အဆုတ်ပွရောဂါနှင့်မတူသည့်အချက်မှာရောဂါဖောက်ချိန်တွင်လူသည်ပြင်းပြင်းထန်ထန်ကြပ်ခြင်းကိုခံစားရပြီးလေပြွန်ကျယ်စေသောဆေးများရှူလိုက်ခြင်းကြောင့် သက်သာသွားပြီး ရောဂါမဖောက်သောအချိန်တွင်လူကောင်းကဲ့သို့လုံးဝကောင်းနေနိုင်ခြင်းဖြစ်ပါသည်။ အဆုတ်ပွခြင်းကဲ့သို့အဆုတ်လုံးဝပျက်စီးသွားခြင်းမျိုးမဟုတ်ဘဲမတည့်သောအရာတစ်ခုခုကြောင့် အဆုတ်လေပြွန်များရုတ်တရက်ကျဉ်းသွားပြီး ကြပ်ခြင်းဖြစ်ပေါ်ပါသည်။ အဆုတ်လေပြွန်များမှာအကောင်းပကတိအတိုင်းသာဖြစ်ပြီးအရာဝတ္ထုတစ်ခုခုနှင့်မတည့်ခြင်းကြောင့် လေပြွန်များကျဉ်းခြင်းဖြစ်ခြင်းဖြစ်ပါသည်။ ရောဂါကိုဖောက်စေသော၊လေပြွန်များကျဉ်းခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ ဖုန်မှုန့်များ၊ ရောဂါပိုးမျး၊ ဆေးများ( aspirin၊ B blocker) ၊ ပန်းဝတ်မှုန်များ၊ မွှေးပွရုတ်များ၊ ဆေးလိပ်ငွေ့များ၊ ခေါင်းအုံးများ၊ အမွှေးပါသောအိမ်မွေးတိရစ္ဆာန်များ၊ အိမ်တွင်းကော်ဇောလဲခြင်း၊ အိပ်ရာခင်းများလဲခြင်းတို့မှထွက်လာသောဖုန်မှုန့်များ၊ အိမ်တွင်းပိုးများ၊ အလုပ်အကိုင်တွင်ထိတွေ့ရသောအိမ်သုတ်ဆေးမှုန့်များ၊ ဖုန်မှုန့်များ၊ကျောက်စရစ်မှုန့်များ၊ အစားအသောက် (ပင်လယ်စာ) စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးဖြစ်နိုင်သည်။

ပန်းနာရင်ကြပ်၏ရောဂါလက္ခဏာများမှာ ၁။ အသက်ရှူကြပ်ခြင်း၊( မနက်မိုးလင်းလင်းချင်းနှင့်ရာသီဥတုအေးလျှင်ပိုအဖြစ်များပါသည်၊) ၂။ အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း ၃။ ချောင်းဆိုးခြင်း(မနက်မိုးလင်းလင်းချင်းနှင့်ရာသီဥတုအေးလျှင်ပိုအဖြစ်များပါသည်၊) ၄။ သလိပ်ထွက်ခြင်း ကုသနည်းမှာမိမိနှင့်မတည့်သောအရာများကိုအထူးတလှယ်မှတ်သားထားပြီးထိုအရာများကိုရှောင်ကြဉ်ခြင်းဖြစ်ပါသည်။ လေပြွန်ကျယ်စေသောဆေးများရှူခြင်း၊ သောက်ခြင်း စသည်ဖြင့် အဆင့်ဆင့်စနစ်တကျကုသခြင်းသည်ပန်းနာရင်ကြပ်ရောဂါ၏အသက်ပင်ဖြစ်ပါသည်။ လေပြွန်ကျယ်စေသောဆေးများကို ရောဂါအဆင့်လိုက်တဖြည်းဖြည်းချင်းတိုးရှူသွားခြင်း၊ ပြန်လျှော့ရှူခြင်းတို့ပြုလုပ်ခြင်းဖြင့်ရောဂါကိုသေချာကုသရန်လိုအပ်ပါသည်။ ဆေးများကို မိမိကိုယ်တိုင်ချိန်၍သောက်သုံးသင့်ပါသလား။ အဆုတ်ပွခြင်း၊ နှင့်ပန်းနာရင်ကြပ်ခြင်းနှစ်မျိုးလုံးတွင် သုံးသော လေပြွန်ရောင်ခြင်းကိုသက်သာစေသော ဆေးသည် steroid ဟုခေါ်သောဆေးများပါဝင်တတ်သောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သောအရိုးပွခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း၊ ရှူပြီးပါးစပ်သေချာမဆေးလျှင် ပါးစပ်တွင်း မှိုစွဲခြင်း၊ အရေပြားများပါးလာခြင်း၊ ဗိုက်ကြောပြတ်သလို အကြောပန်းရောင်များပေါ်လာခြင်း၊ ဝလာခြင်း၊ နှုတ်ခမ်းမွှေးများပေါက်လာခြင်းတို့ဖြစ်တတ်သောကြောင့်ကြပ်တိုင်းမိမိသဘောအရဆေးကိုတောက်လျှောက်စွဲရှူနေခြင်းမပြုသင့်ဘဲ အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော်နှင့််ပြသဆွေနွေး၍ဆေးရှူခြင်း၊ဆေးသောက်ခြင်းအတိုးအလျှော့ပြုလုပ်ခြင်းကိုသေချာပြုလုပ်ကုသရပါမည်။ အဆုတ်ပွရောဂါသည်လည်းဆေးလိပ်အလွန်သောက်သောသူများတွင်အဖြစ်များသည့်အားလျော်စွာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သောအဆုတ်ကင်ဆာရောဂါနှင့် တွဲဖက်တွေ့ရလေ့ရှိခြင်း၊ အခြားသောနှလုံးသွေးကြောပိတ်ခြင်း၊ မကုသဘဲထားပါက အဆုတ်သွေးပေါင်ချိန်တက်ခြင်း၊ ခြေလက်များဖောရောင်ခြင်းတို့နောက်ဆက်တွဲနှင့် သေဆုံးမှုနှုန်းမြင့်မားသောကြောင့် အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော်နှင့််ပြသဆွေနွေး၍ထိရောက်သောကုသမှုကိုခံယူသင့်ပါသည်။ ရင်ကြပ်ရောဂါသည် ကုသ၍ရောဂါလက္ခဏာများနှင့်နောက်ဆက်တွဲများမဖြစ်အောင် ကာကွယ်ထိန်းထားနိုင်သောရောဂါဖြစ်သောကြောင့် သေချာကုသခြင်းသည်အလွန်အရေးကြီးပါသည်။ အဆုတ်ရောဂါ အတော်များများသည် ရင်ဘတ်ဓာတ်မှန် ဟုခေါ်သော Chest X Ray ရိုက်ခြင်း ဖြင့် ရှာဖွေတွေ့ရှိနိုင် ရုံ မျှသာမက အဆုတ်ရောဂါများကို လည်း တိတိကျကျ ရှာဖွေသိရှိနိုင်ပါသည်။ ထို့ကြောင့် Medical Checkup Package များတွင် ပါ ထည့်သွင်း၍ စစ်ဆေးကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် အဆုတ်နှင့် ပက်သက်သော ရောဂါလက္ခဏာများဖြစ်သော မောခြင်း၊ ရင်ကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်းအစရှိသော လက္ခဏာများအား ရှိပါက ကုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီးမှ အဆုတ်နှင့် ရင်ခေါင်း ဆေးပညာဌာန မှ အထူးကုသမားတော် ဆရာရဲသူဟန်နှင့် ပြသနိုင်ပြီး ပြသနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဒေါက်တာ ရဲသူဟန် M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP(UK) ရန်ကုန်ကုတင် ၅၀၀ ဆန့် အထူးကုဆေးရုံသစ်ကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၅ နာရီ။ စနေ နေ့လည် ၂ နာရီ။ ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။ Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Special Whole Body Package သည် Medical Checkup အား ထိထိရောက်ရောက် ပြုလုပ်လိုသည့် မိဘပြည်သူတိုင်းအတွက် အကောင်းမွန်ဆုံးသော ကျန်းမာရေး စစ်ဆေးမှုဖြစ်ပါတယ်။ နိုင်ငံခြားမှာ သွားရောက်စစ်ဆေး သကဲ့သို့ Item အစုံအလင် ပါပြီး လူတိုင်းလူတိုင်း အသက်သာဆုံး ဈေးနှုန်းဖြင့် ထိထိရောက်ရောက်စစ်ဆေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။ ဒါ့အပြင် Promotion ကာလကို September လကုန် အထိ ထပ်ပြီး တိုးပေးထားလို့ Medical Checkup မလုပ်ရသေးစသော မိဘပြည်သူများအတွက် ကျန်းမာရေး စစ်ဆေးမှု အား Promotion ကာလအတွင်း ဈေးနှုန်း အထူးသက်သာ စွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ Promotion ကာလ September လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ Promotion ကာလ September လကုန်အထိ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၅၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။

OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ 2 years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ အေးချမ်းသော ညလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသည် အကောင်းမွန်ဆုံး သော အရသာ တစ်ခုပါ။ OSA (Obstructive Sleep Apnoea) ကြောင့် နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်နေခြင်းသည် အေးချမ်းခြင်း၏ စစ်မှန်ခြင်း အရသာ ကို မခံစားဖူးသော သူများပင်ဖြစ်ပါသည်။