No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကျည်ထိမှန် သေဆုံးသွားတဲ့ ပြည်မြို့က လူငယ်လေး ~~~~~ ■ ပြည်မြို့မှာ တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ကျည်ထိမှန်သေဆုံးသွားတဲ့ မောင်ထက်မြက်အောင်ဟာ အသက် (၁၉) နှစ်အရွယ်ပဲရှိပါတယ်။ သူဟာ သန်လျှင်ရေကြောင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသားတစ်ယောက်ပါ။ ပြည်တက္ကသိုလ်အနီး ရွှေတစ်ချောင်းလမ်းမှာ ရဲနဲ့စစ်တပ်က သပိတ်စစ်ကြောင်းကို ဒီနေ့ မနက်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာမှာ သူကျည်ထိသွားတာဖြစ်ပါတယ်။ ကျည်ထိခဲ့တဲ့ မောင်ထက်မြက်အောင် ကို ရဲနဲ့စစ်သား‌က ပိတ်ဆို့ထားခဲ့လို့ အချိန်မီဆေးကုသမှုမရဘဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဖခင်ဖြစ်သူ ဦးကျော်ဝင်းစိန် က ပြောပါတယ်။ Credit: