No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံ မြဝတီမြို့ကာစီနိုမှာ အလုပ်သွားလုပ်ရာ အခြေအနေမဟန်လို့ ပြန်လာတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ကို ဖမ်းမိ ! ထိုင်းအစိုးရက ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဟုဆို ! . ၂၀၂၁ မတ်လ ၁၈ ရက် (ယနေ့) မနက်ပိုင်းက မဲ့ဆောက်-ဘန်ကောက် ပြေးဆွဲနေတဲ့ ၉၉၉ အဝေးပြေးဘတ်စ် ကားပေါ်မှာ မင်္သကာစရာလူတစ်စုကို တွေ့ရှိတာကြောင့် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းကြည့်ရာ မြန်မာနိုင်ငံမြဝတီမြို့ရှိ ကာစီနို တစ်ခုမှာအလုပ်လုပ်ပြီး နေရပ်ပြန်ရန် မဲ့ဆောက်-ဘန်ကောက် အဝေးပြေးကားဖြင့် လိုက်ပါလာသည့် ထိုင်းလူမျိုး ၅ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ . ရဲတပ်ဖွဲ့က၄င်းတို့အား နယ်စပ်ဖြတ်ကျော်လာပုံကိုမေးမြန်းကြည့်ရာ အဆိုပါထိုင်းလူမျိုး ၅ ဦးဟာ မြဝတီဘက်မှာ မြန်မာပွဲစားတစ်ဦးကို အခကြေးငွေပေးပြီး ထိုင်းနိုင်ငံနယ်စပ်ကို လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်းဝန်ခံသည်။ . ထိုင်းနယ်စပ်မဲ့ဆောက်မြို့ ရောက်ချိန်တွင် မဲ့ဆောက်မြို့က ဟိုတယ်တစ်ခုမှာ ၂ ရက်ကြာတည်းခဲ့ပြီး ယနေ့မနက်ပိုင်းမှာ ဘန်ကောက်သို့သွားရန် အဝေးပြေးကားဖြင့်လိုက် ပါလာခဲ့ကြောင်းသိရသည်။ . ထိုင်းရဲတပ်ဖွဲ့ကအဖျားတိုင်းကြည့်ရာမှာတော့ အပူချိန်ပုံမှန်ဖြစ်ပြီး မြန်မာဘက်ကလာတာဖြစ်သည့်အတွက် ၁၄ ရက်ကွာရန်တင်းဝင်ရမှာဖြစ်ကာ ကွာရန်တင်းရက်စေ့လျင် ကိုဗစ်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပြီး နယ်စပ်က တရားမဝင်ဖြတ်ကျော်ခိုးဝင်လာသည့် အဆိုပါ ထိုင်းလူမျိုး ၅ ဦးကိုတရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရသည်။ . WinHtet (MML) Ref : Ch7 . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: