No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကိုင်းက ဆန္ဒပြပွဲတွေလည်း ဖြိုခွင်း၊ လမ်းသွားလမ်းလာတွေဆီက ဖုန်းတွေယူစစ်ဆေး စစ်ကိုင်းက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖြိုခွင်းတာတွေရှိနေပါတယ်။ ကျောင်းသားတွေ ထိုင်သပိတ်လုပ်နေတဲ့ မရှိခဏလမ်းဆုံ ၊ စိန်ပန်းကုန်း သာစည်ရပ်မှာ ရဲနဲ့စစ်တပ်က ဖြိုခွင်းတာပါ။ တပ်မ ၃၃နဲ့ ရဲတပ်ဖွဲ့တွေပါဝင်ပြီးအင်အားသုံးရိုက်နှက်ဖြိုခွင်းတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေကပြောပါတယ်။ လူနေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို ဓာတ်ပုံဆရာတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ ‌သိရပါတယ်။ ဒါ့အပြင် မနက်ပိုင်းမှာ ကိုးပေတံတား ၊ မရှိခဏ လမ်းပေါ် သွားလာသူတွေထံက ဖုန်းတွေပါ စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Credit: