No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဘုရားသုံးဆူမှာ ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ပစ်ဖောက်ဖြိုခွင်း ~~~~~ ■ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံရှေ့မှာ စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒပြနေတဲ့သူတွေကို မတ် ၁၁ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်ပစ်ဖောက်ပြီး လူစုကို အကြမ်းဖက်ဖြိုခွဲနေတယ်လို့ ဘုရားသုံးဆူဒေသခံတွေက RFA ကို ဖုန်းဆက်ပြောပါတယ်။ ရာဘာကျည်ထိမှန်ပြီး ဒဏ်ရာရသူတွေ ရှိနေပြီး ဘယ်နှစ်ဦး ထိမှန်ခဲ့တာကို အတိအကျမသိရဘူးလို့ ပြောပါတယ်။ လူစုခွဲရာမှာတော့ ပြည်သူ သုံးဦး ဖမ်းဆီးခံထားရတယ်လို့ ကနဦး သိရပါတယ်။ Credit: