No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေး မြိုင်လူဦးရေရာချီ ဆည်းဆာသပိတ်ပြုလုပ် DVB မြိုင်မြို့နယ် မြောက်ပိုင်းဇုန်မှာ သြဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။ အခြေခံပညာ သပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်က ပြည်သူတွေ ရာနဲ့ချီပူးပေါင်းပြီးတော့ အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တော်လှန်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးကြွေးကြော်သံတွေနဲ့အတူ ဆည်းဆာသပိတ် ပြုလုပ်ခဲ့တာလို့ သပိတ်ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ မြိုင်မြို့နယ်သပိတ်ကော်မတီအနေနဲ့ စားဝတ်နေရေး အခက်ခဲဖြစ်နေကြတဲ့ CDM ပညာရေးဝန်ထမ်းတွေကိုလည်း လစဥ်ထောက်ပံ့ပေးနေပြီးတော့ ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် အလှူရှင်တွေ ဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ်။ မြိုင်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် သပိတ်တိုက်ပွဲ၊ လက်နက်ကိုင်တိုင်ပွဲတွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နေ့စဥ် တော်လှန်နေကြတာလည်း ဖြစ်ပါတယ်။ #DVB #News #Photo #မြိုင်မြို့ #SpringRevolution #RejectMilitaryCoup Credit: