ခေတ်မှီတိုးတက်သောကမ္ဘာတွင် အာဏာသိမ်းမှုများအတွက်နေရာမရှိဟု ကုလပြောကြား . ယနေ့သည် မြန်မာပြည်သူများမှ ၂ ငါးလုံးပြည်လုံးကျွတ် နွေးဦးတော်လှန်ရေးသပိတ်ကို ဆင်နွဲနေချိန် တွင် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာအရေးနှင့်ပတ်သက်ပြီး အရေးပေါ်အစည်း အဝေးတရပ်ကိုပြိုင်တူကျင်းပနေသည်ဟု သိရသည်။ . ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုများကို ကျွန်ုပ်တို့ တွေ့မြင်နေရပါသည်။ ပြည်သူလူထု၏ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ၊ အရပ်ဘက် ပြည်သူ များအား တိုက်ခိုက်မှုများ၊ ရိုဟင်ဂျာလူမျိုးစုများအား မျိုးတုန်းသတ်ဖြတ်မှုဟု အမှန်အကန်ခေါ်ဆိုခဲ့သည်ချိုးဖောက်မှုအပါအဝင် လူနည်းစုများအား တာဝန်ခံမှုမရှိ ပြင်းထန်သည့် ချိုးဖောက်မှုများ စသည့် ကျူးလွန်ချိုးဖောက်မှုများစွာ ဆက်လက်ရှိနေပါသည်။ ဖရိုဖရဲကသောင်းကနင်းအခြေအနေသို့ ဦးတည်နေပါသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အစည်းအဝေးတွင်ပြောကြားခဲ့သည်ဟု သိရသည်။ . တဆက်တည်းတွင် မြန်မာစစ်တပ်ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ် ယနေ့ တောင်းဆိုပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးပါ။ အကြမ်းဖက်မှုများကို အဆုံးသတ်ပေးပါ။ လူ့အခွင့်အရေးများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ။ ကျွန်ုပ်တို့ ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိပါဟု အတွင်းရေးမှူးချုပ်က ဆိုသည်။ . ထို့နောက် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကျွန်ုပ်ကြိုဆိုပါသည်။ သင်တို့၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ကတိပြုပါသည်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံ ပြည်သူပြည်သားများအား ကျွန်ုပ် အပြည့်အဝ ထောက်ခံအားပေးပါသည်ဟု ထပ်မံပြောကြားခဲ့သည်။ . ကိုးကား : UN ဓာတ်ပုံ : UN သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit:
