
မန္တလေးမှာ အန်အယ်လ်ဒီပါတီနဲ့ အစိုးရသစ်ကိုထောက်ခံကြောင်း ထုတ်ဖော်ပြသ ------------------------- အစိုးရအဖွဲ့သစ်ကို ကြိုဆိုတဲ့အနေနဲ့ဆိုပြီး မန္တလေးမြို့မှာ ဇန်နဝါရီ ၂၅ရက်မနက်ပိုင်းကစလို့ လှုပ်ရှားမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ လူစုလူဝေးနဲ့စီတန်းလှည့်လည်တာမျိုးမဟုတ်ဘဲ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ အန်အယ်လ်ဒီအမှတ်တံဆိပ်ပါအလံတွေလွှင့်ထူပြီး ထောက်ခံကြောင်းပြသသွားကြမှာဖြစ်တယ်လို့ အန်အယ်လ်ဒီအစိုးရကိုထောက်ခံတဲ့ မန္တလေးဒေသခံတွေကဆိုပါတယ်။ အစိုးရသစ်နဲ့ အန်အယ်လ်ဒီပါတီကို ထောက်ခံကြိုဆိုကြောင်းလှုပ်ရှားမှုတွေကို မြို့နယ်အလိုက်အသီးသီးလုပ်ဆောင်နေကြတာဖြစ်ပြီး ဇန်နဝါရီ၂၄ရက်နေ့ကလည်း ရန်ကုန်မြို့မှာ စီတန်းလှည့်လည်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ အန်အယ်လ်ဒီပါတီတာဝန်ရှိသူတွေနဲ့ ထိပ်တန်းခေါင်းဆောင်အချို့ကတော့ အစိုးရသစ်ထောက်ခံကြောင်းကို လမ်းပေါ်ထွက်လှည့်လည်တာမျိုးမဟုတ်ဘဲ နေအိမ်အဆောက်အဦတွေမှာပဲ အလံလွှင့်ထူတာ၊ အွန်လိုင်းကမ်ပိန်းလုပ်တာမျိုးတွေကိုပဲပြုလုပ်ကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ(မန္တလေး) Crd