
ကိုဗစ်စစ်ဆေးခွင့်အတွက် ဗဟိုစည်ဆေးရုံနှင့် Dagon Medicare Center တို့ကို ထပ်မံခွင့်ပြု ================================================ ကိုဗစ်စစ်ဆေးခွင့်အတွက် ဗဟိုစည်ဆေးရုံနှင့် Dagon Medical Center ၂ခုကို ထပ်မံခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဌ ဒေါက်တာထင်ပေါ်က ပြည်မြန်မာကိုပြောသည်။ ပထမဦးဆုံးအနေဖြင့် ကိုဗစ်စစ်ဆေးခွင့်နှင့်ကုသခွင့်အတွက် ပန်းလှိုင်ဆေးရုံနှင့် အတူယှဉ်တွဲလုပ်ကိုင်နိုင် ရန် N Health ကိုခွင့်ပြုပေးခဲ့ပြီး လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ကိုဗစ်စစ်ဆေးခွင့်အတွက် ဗဟိုစည်ဆေး ရုံနှင့် Dagon Medicare Center ကို ထပ်မံခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပထမဆုံးက ပန်းလှိုင်နဲ့ N Health ကိုခွင့်ပြုခဲ့တယ်။ နောက်ထပ်ထပ်လျှောက်တာတွေရှိတယ်။သို့သော် စစ် ဆေးတာအတွက်ကို ထပ်ပြီးချပေးတာကတော့ ဗဟိုစည်နဲ့ မြောက်ဒဂုံဘက်မှာရှိတဲ့ Dagon Medicare Center ကို စစ်ဆေးဖို့အတွက် ထပ်ချတယ်။. ဝန်ကြီးဌာနကချလိုက်ပြီ။ တိုင်းဒေသကြီးကတော့ စာမထုတ် သေးဘူးပေါ့ နော်။ စစ်ဆေးခွင့်အတွက် ချတော့ချပြီးနေပြီ ဟု ဒေါက်တာထင်ပေါ်က ဆိုသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံစုစုပေါင်း ၂၄၀ ကျော်ရှိပြီး ယင်းတို့အနက် Covid စစ်ဆေးခွင့်နှင့်ကုသခွင့် အတွက် လျှောက်ထားသည့်ဆေးရုံ ၁၀ရုံကျော်ရှိကြောင်း သိရသည်။ ပုဂ္ဂလိကဏ္ဍမှ Covid စစ်ဆေးခြင်းများကိုစနစ်တကျလုပ်ဆောင်နိုင်လျှင် ခရီးသွားများနှင့်ပတ်သက်သည့် Covid စစ်ဆေးခွင့်ကို ပုဂ္ဂခိကကဏ္ဍကိုလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြား ထားသည်။ ပြည်တွင်း၊ပြည်ပခရီးသွားရန်ဖြစ်စေ၊ ခွဲစိတ်ကုသမှုပြုလုပ်ရန်ဆရာဝန်တစ်ဦးက ညွှန်ကြားချက်အရဖြစ်စေ၊ အနံ့ပျောက်ရ်ဖြစ်စေ၊ လူနာနဲ့ထိစပ်မှုရှိခဲ့ရ်ဖြစ်စေ၊ Covid-19 ရောဂါစစ်ဆေးမည်ဆိုလျှင် ကျန်းမာရေးဝန် ကြီး ဌာန၏တရားဝင်လမ်းညွှန်ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ထားသည့် Dagon Medicare Hospital (DMH) ရဲ့ Test Center တွင် ဖေဖော်ဝါရီလ ၁ရက်မှစတင်ပြီး RDTနှင့် RD-PCR (၂)မျိုးလုံးနှင့် စစ်ဆေး နိုင်ပြီဖြစ်ကြောင်း ယင်းဆေးရုံမှ အသိပေးထားသည်။ မေသက် Credit: