No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကော့ကရိတ်မှာ စစ်တပ်နဲ့ ကေအန်ယူ ပစ်ခတ်မှုဖြစ် ဖေဖေါ်ဝါရီ -၂၆၊ ၂၀၂၁ CDM ကိစ္စနဲ့လူဝင်ဖမ်းတာမှာ ဂိတ်ကျော်လာလို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်တပ်နဲ့ ကေအန်ယူတို့ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ် ကျိုက်ဒုံလမ်းမရှိ မောင်းမရွာသစ်ထဲကို စစ်တပ်ဘက်က အင်အား ၅၀ ကျော် စစ်ကား ၅ စီးနဲ့ အကြောင်းမကြားဘဲ ဝင်ရောက်လာခဲ့တာပါ။ ဒီလို အကြောင်းမကြားပဲ ဝင်ရောက်လာတာကြောင့် တပ်နဲ့ ကေအန်ယူတို့ ၁၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့ ကေအန်ယူသူးလေသတင်းစဉ်မှာ ဖော်ပြထားပါတယ်။ လက်ရှိ အဲ့ဒီနေရာမှာ နှစ်ဖက်တပ်တွေ ရှိနေဆဲဖြစ်ပြီး နယ်မြေလုံခြုံရေးအရ ရွာသစ်ကျေးရွာနဲ့ ကော့ကရိတ်လမ်းကို ပိတ်ပင်ထားရှိတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့မှာ ပြည်သူလူထုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေတာဟာ ၁၇ ရက်ရှိပြီဖြစ်ပြီး ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူလူထုတွေကို ကေအန်ယူတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအရ ဝန်းရံစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ-Thoolei News Crd 7day TV Credit: