No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နေပြည်တော် နှစ်ငါးလုံး ဆန္ဒပြပွဲ ခြောက်ယောက်ကို ဆက်လက်ဖမ်းဆီးထား ~~ ■ မနေ့က နေပြည်တ်ော နှစ်ငါးလုံး လူထုလှုပ်ရှားမှုအတွင်း အဖမ်းခံရသူတွေထဲက ၂၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပေမယ့် ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။ သူတို့ ခြောက်ဦးကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ချက်ချင်း ရုံးတင်တရားစွဲဖို့ ပြင်နေတာကြောင့် စေတနာ့ဝန်ထမ်းရှေ့နေတွေက လိုက်ပါ ကူညီဖို့ ကြိုးစားနေပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာတော့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသူကို မတွေ့တာကြောင့် မိသားစုဝင်တွေကို မနေ့ညက ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းလိုသူကို မမိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တာဟာ ဥပဒေနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ နေပြည်တော်နဲ့ တနင်္သာရီတိုင်းက ဖမ်းဆီးပြန်လွတ်အခြေအနေ အသေးစိတ်ကို ကိုရဲစည်သူကာ က စုစည်းတင်ဆက်ထားပါတယ်။ Credit: