No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၏လုပ်ငန်းစဥ်များကို အခိုင်အမာထောက်ခံပြီး ဆက်လက်ကူညီပေးကြရန် ပန်ကြားချက်။ နေ့စွဲ - ၂၇၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ ၁။ ယခုအခါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH သည် မြန်မာပြည်သူတို့ ၏ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုအသုံးပြုလျက် ပြည်တွင်းပြည်ပလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ၂။ ပြည်ပလုပ်ငန်းစဥ်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုများမှ မြန်မာ ပြည်သူများဘက်မှ ရပ်တည်ပေးရေး ကြိုးပမ်းမှုသည် လွန်စွာအောင်မြင်နေပါသည်။ ၃။ ထိုသို့ကြိုးပမ်းမှုတွင် မြန်မာပြည်သူများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖက်မှ ပြတ်ပြတ်သားသားရပ်တည်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။ ၄။ ပြည်တွင်းလုပ်ငန်းစဥ်များအနေဖြင့် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်ကို ပြည်သူ နှင့်အတူဆက်လက်အကောင်အထည်ဖော်ရာတွင်လည်း အောင်မြင်မှုရှိနေပါသည်။ ၅။ သို့ပါ၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏လုပ်ငန်းစဉ်များကို အခိုင်အမာထောက်ခံ၍ ဆက်လက်ကူညီပေးပါရန် ပန်ကြား အပ်ပါသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ ဖေဖေါ်ဝါရီ ၂၇။ Credit: