
စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ တောင်ဒဂုံ ၁၉ ရပ်ကွက် မာလာမြိုင်လမ်းထိပ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်တုန်းက ဦးခေါင်ကျည်ထိ ဒဏ်ရာနဲ့သေဆုံးခဲ့တဲ့ ကိုအောင်ကိုဦးရဲ့ ဈာပနကို ဒီနေ့ မတ်လ ၃၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုအောင်ကိုဦးရဲ့ဈာပနကို ကျီစုသုဿန်မှာ ဒီနေ့လည်ပိုင်းက ပြုလုပ်ခဲ့တာပါ။ လက်လုပ်လက်စားတစ်ဦးဖြစ်တဲ့ကိုအောင်ကိုဦး ကွယ်လွန်ချိန်မှာ ၇ နှစ်အရွယ်သား ၁ ဦးနဲ့ ၁ နှစ်အရွယ်သမီးငယ် ၁ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit: