No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို CRPH က ဖွဲ့စည်းလိုက်တဲ့ အခုအစိုးရအဖွဲ့ဟာ အစိုးရအသစ်ဖွဲ့စည်းတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ဦးဆောင်တဲ့ အစိုးရရဲ့ အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာ နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားဆောင်ရွက်မယ့်သူတွေအဖြစ် ခေတ္တခန့်အပ်တာလို့ ဝန်ကြီးအဖြစ်ကြေညာခန့်အပ်ထားတဲ့အထဲက တဦးဖြစ်တဲ့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။ အခုအသစ်ခန့်အပ်တဲ့ ဝန်ကြီးတွေဟာ ဝန်ကြီးဌာနတွေရဲ့ သာမန်အချိန်မှာ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ထက် စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဦးလွင်ကိုလတ်က ဆိုပါတယ်။ ဒီသတင်းနဲ့အတူ နောက်ဆုံးရ သတင်းများ တိုက်ရိုက်တင်ဆင်မှု https://www.bbc.com/burmese/live/burma-56245583 Credit: