No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယနေ့ညနေစာရင်းအရကျန်းမာရေးဝန်ထမ်း (၃၀၅၅၁)ဦးကို Covid-19ကာကွယ်ဆေးထိုးနှံပေးခဲ့ဟုဆို ================================================= ယနေ့၊ ညနေအထိ စာရင်းများအရ ကျန်းမာရေးဝန်ထမ်း (၃၀,၅၅၁)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရသည်။ ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ ယနေ့၊ နံနက် (၈) နာရီမှ စတင်၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမဆောင် (၂) ရှိ ကာကွယ်ဆေးထိုးစုရပ်နှင့် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်ရှိ ကာကွယ်ဆေးထိုးစုရပ်တို့သို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့၊ နံနက် (၈) နာရီအချိန်တွင် ထိုးနှံပေးခဲ့သည်။ မေသက် Photo-MOSH Credit: