
အစိုးရဖွဲ့စည်းကာနီး နေပြည်တော်မှာ ကျင်းပတဲ့ NLD ဗဟို အလုပ်အမှုဆောင်အစည်းအဝေး ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၁ တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်းမယ့် ကိစ္စရပ်တွေ မတိုင်မီ ခေါ်ယူတဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီနေ့ နေ့လယ်ပိုင်း နေပြည်တော်မှာ ယာယီရုံးချုပ်မှာ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရအဆင့်ဆင့် ဖွဲ့ စည်းနိုင်ဖို့ ကိစ္စတွေ၊ ရွေးကောက်ပွဲမှာ ကန့်ကွက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိစ္စရပ်တွေနဲ့ ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ ဒီနေ့ အစည်းအဝေးကို NLD CEC ဒေါက်တာ တင်ထွဋ်ဦးကလွဲရင် ကျန်အဖွဲ့ ဝင်အားလုံး တက်ရောက်ကြတယ်လို့ သိရှိရပါတယ်။ ဓာတ်ပုံ - သီဟလွင် Crd