No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာ့ရုပ်မြင်သံကြား MRTV စာမျက်နှာကို Facebook ပိတ်သိမ်း ~~~~~ မြန်မာ့စစ်တပ်က ချုပ်ကိုင်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ Facebook စာမျက်နှာတွေဖြစ်တဲ့ MRTV နဲ့ MRTV Live Pages တို့ကို Facebook က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ မှာ ဖယ်ရှားလိုက်ပါတယ်။ ဖေ့ဘွတ်ကချမှတ်ထားတဲ့ ဆူပူအကြမ်းဖက်မှုတွေကို မလှုံဆော်ရဘူး ဆိုတဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဖေ့ဘွတ်က ပြောဆိုခဲ့ပါတယ်။ မနေ့ကလဲ မြန်မာ့စစ်တပ်ရဲ့ ပင်တိုင် ဖေ့ဘွတ်စာမျက်နှာ ဖြစ်တဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ဆိုတဲ့ စာမျက်နှာကိုလည်း Facebook က ပိတ်ထားလိုက်ပါတယ်။ #WeNews #Facebook #MRTV Credit: