
မြန်မာနိုင်ငံအတွင်း အင်အားပြင်းငလျင်များ ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် လေ့ကျင့်ထားမှု သရုပ်ပြပွဲ ပြုလုပ် ================================================== မြန်မာနိုင်ငံအတွင်း အင်အားပြင်းငလျင်များ ဖြစ်ပေါ် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လေ့ကျင့်ထားမှု သရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ မီးသတ်ဦးစီးမှူးရုံး အရှေ့ တွင် ဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့ကြကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကသိရသည်။ အဆိုပါ မြေငလျင်ဇာတ်တိုက် လေ့ကျင့်ခန်း သရုပ်ပြရာ၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ခွဲတစ်ခွဲအမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်သွားရောက် ပြီး မြေပြင်အခြေအနေပေါ်တွင် သုံးသပ်ကာအန္တရာယ်ကင်းဇုံသတ်မှတ်၍ တပ်ဖွဲ့ဝင် အဆင့်ဆင့် တာ ဝန်ခွဲဝေခြင်း၊ ဘေးဒုက္ခရောက်ရှိနေသော လူနာများအား ဦးစားပေးအဆင့်အလိုက် ရှာဖွေ ကယ်ဆယ် ရွှေ့ထုတ်ခြင်း၊ဘေးအန္တရာယ်ကျရောက်နေသည့် လူနာများကျန်ရှိမှုရှိမရှိကို ခေတ်မီရှာဖွေကယ်ဆယ် ရေး ပစ္စည်းကိရိယာများဖြင့် စစ်ဆေးရှာဖွေခြင်း၊ ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့် အနေဖြင့်အ ပျက်အစီးများကို ယာဉ်ယန္တရားအသုံးပြုရှင်းလင်းခြင်း တို့ကိုတပ်ဖွဲ့ဝင်များက အားကြိုးမာန်တက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံအဝန်း ငလျင်ဘေးအန္တရာယ်ဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ် ၉၂ ကြိမ် လှုပ်ခတ်ခဲ့ရာ ကချင်ပြည်နယ်အတွင်း နှစ် ကြိမ်၊ ချင်းပြည်နယ် အတွင်း လေး ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၃၉ ကြိမ်၊ ပဲခူးတိုင်းဒေသကြီး ခြောက်ကြိမ်၊ မကွေးတိုင်းဒေသကြီး ငါးကြိမ်၊ မန္တလေးတိုင်းဒေသကြီး တစ်ကြိမ်၊ နေပြည်တော် နှစ်ကြိမ်၊ ရှမ်းပြည်နယ် ၁၁ ကြိမ်၊ ရခိုင်ပြည်နယ်ခုနှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီး သုံးကြိမ်ဖြစ်ပွား ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရပြီး နှစ်စဉ်ငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက် များပြားလာကြောင်း ငလျင်ဆိုင်ရာ စစ်တမ်းတစ်ခု အရ သိရသည်။ သရုပ်ပြပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင် ဝင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လူဝင်မှု ကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေ သကြီး၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ MYN ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး Credit