
TNLA အဖွဲ့က တစ်လကျော်ကြာ ဖမ်းဆီးထားသည့် မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery ) ပိုင်ရှင် ဦးကျော်ဝင်းအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရေး မေတ္တာရပ်ခံတောင်းဆိုကြောင်း မိသားစုဝင်တစ်ဦးဖြစ်သည့် ညီဖြစ်သူ ဦးကျော်လင်းက ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဦးကျော်ဝင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်က TNLA အဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားပြီး အသက်အန္တရာယ်မရှိစေရေး မီဒီယာများတွင် အာမခံပြောကြားထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးသဖြင့် မိသားစုဝင်များအနေဖြင့် စိတ်ပူလျက်ရှိကြောင်း ဦးကျော် လင်းက ပြောကြားသည်။ “အခုအချိန်မှာ ခေါ်ဆောင်သွားခဲ့တာ တစ်လကျော်သွားခဲ့ပါပြီ။ ရက် ၄၀ လောက် ရှိသွားပါပြီ။ အခုအထိကို ပြန်လည်ရောက်ရှိ လာခြင်း မရှိသေးတဲ့အတွက် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းများကလည်း စိတ်ပူ ပြီးတော့ စိုးရိမ်ကြောင့်ကြနေကြပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။ ဖမ်းဆီးခံထားရသည့် ဦးကျော်ဝင်းအနေဖြင့် ကျန်းမာရေးကောင်းမွန်သူတစ်ဦးမဟုတ်ဘဲ နှလုံး၊ သွေးတိုး၊ ကျောက်ကပ် စသည့် ရောဂါများကြောင့် ဆေးမှီဝဲနေရသဖြင့် ၎င်း၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်ပူပန် ကြောင်း ဦးကျော်လင်းက ပြောကြားသည်။ “ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ကျွန်တော့်အနေနဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ် ပုဂ္ဂိုလ်ကိုမှလည်း အပြစ်တင်ဝေဖန်ချင်တာ လည်း မရှိပါဘူး။ ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်မယ့် စိတ်ချမ်းသာမှုဖြစ်နိုင် မယ့်အခြေအနေ အိမ်ပြန်ရောက်ရေးကိုပဲ ရည်ရွယ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း များကလည်း လူသားချင်းစာနာထောက်ထား ပြီးတော့ အမြန်ဆုံးလွတ်မြောက်ရေးကို ဆောင်ရွက်ပေးနိုင်အောင် ကျွန်တော် မေတ္တာ ရပ်တောင်းဆိုပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။ ဦးကျော်ဝင်း အမြန်ဆုံးလွတ်မြောက် နိုင်ရေးအတွက် မိသားစုဝင်များက လက်နက် ကိုင် ခုနစ်ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ဥက္ကဋ္ဌ ဖြစ်သည့် ‘၀’ ပြည်နယ် သွေးစည်းညီ ညွတ်ရေးပါတီ UWSP ၏ ခေါင်းဆောင်ထံသို့ ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာကို ဇန်နဝါရီလဆန်းပိုင်းက ပေးပို့ထားကြောင်း ဦးကျော်လင်းက ပြောကြားသည်။ လက်ရှိအချိန်အထိ TNLA အဖွဲ့ဘက်မှ ဦးကျော်ဝင်း၏ မိသားစုထံသို့ ငွေကြေးမည်မျှ ပေးပါက ပြန်လည်လွှတ်ပေးမည်ဟုဆက် သွယ် ညှိနှိုင်းခြင်းမျိုး မရှိသေးဘဲ မိသားစု ဝင်ဘက်မှလည်း TNLA အဖွဲ့ထံ ဆက်သွယ် ၍ မရရှိသေးကြောင်း ဦးကျော်လင်းက ပြော ကြားသည်။ ယခင်က မိုးကုတ်မြို့တွင် TNLA လက် နက်ကိုင်အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်ကြေးသဘောမျိုး ကောက်ခံခြင်းကို မကြုံခဲ့ဖူးကြောင်း ဦးကျော်လင်းက ပြောကြားသည်။ Credit to Eleven Media Group