
တပ်မတော်ထောက်ခံသူတွေ ရန်ပြုတိုက်ခိုက်နေတဲ့မြင်ကွင်းများ တပ်မတော်ထောက်ခံသူတွေက ရပ်ကွက်နေပြည်သူတွေကို လေးခွ၊ ခဲ ၊ ဆန်ထိုးပိုက်လို ချွန်ထက်တဲ့လက်နက်တွေ၊ တုတ် ၊ ဓားတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတာကြောင့် ဒီမနက်ပိုင်းမှာ ရန်ကုန် ဘူတာကြီးဝင်းအနီး မီးရထားဝန်ထမ်းအိမ်ရာက အရပ်သားဒေသခံ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ အကြောင်းကတော့ တပ်မတော်ထောက်ခံပွဲလုပ်ဖို့ ဘူတာကြီးနားမှာ စုရပ်အဖြစ် စုရုံးနေစဉ် ရပ်ကွက်နေပြည်သူတွေက သံပုံးတီးကန့်ကွက်ဆန္ဒပြမှုအပေါ် ထောက်ခံပွဲလုပ်သူတွေက ဆဲဆို၊ အော်ဟစ်ခဲ့ကြသလို နှစ်ဖက်အချင်းများရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူတွေကို ခုလို လက်နက်တွေနဲ့ ပစ်ပေါက်ရန်ပြုခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ-AFP/Getty Images Crd: