
ယမန်နေ့ ယင်းမာပင်၊တရော်ကင်းတိုက်ပွဲတွင်အထိနာခဲ့သော စကစမှာ ယနေ့ ဇွန်လ၂၃ နံနက်ပိုင်းတွင် အဝေးပစ်လက်နက်များဖြင့်နဲ့ပစ်ခတ် ၂၃.၆.၂၀၂၁ ဇွန်လ ၂၂ရက်နေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ နှစ်ဦးသေဆုံး၊၂ဦး ဒဏ်ရာရ။စစ်ကောင်စီမှ တပ်ကူလာကား မိုင်းထိ၊ စစ်ကောင်စီ အထိခိုက်သေဆုံး ၂၀ ကျော်နီးပါးရှိခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။ ဇွန် ၂၂ ညပိုင်းကယင်းမာပင်မြို့နယ် တရောင်ကင်း ရွှာ တိုက်ပွဲမှ အထိနာပြီး အပြန်တွင်စကစတပ်များဟာ ရွှေတောင်ဦး လေညှင်းတောင်အနီး လမ်းဘေးဝဲယာမှ အိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။ တရော်ကျင်းကျေးရွာတွင် ဖြစ်ပွါးခဲ့သော အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အယောက် ၂၀ သေ၍၊ ပြည်သူကာကွယ်ရေးအဖွဲ့မှ ၂ ဦး ကျဆုံးကြောင်း သိရပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာသားများ၏ နေအိမ်များ၊ ပစ္စည်းများဖျက်ဆီးခြင်း၊ စားသောက်ကုန်များ၊ ပိုက်ဆံများ နှင့် ရွှေထည်ပစ္စည်းများယူ၍ အနိုင်ကျင့် နှိပ်စက်နေသောကြောင့် ပြန်ချရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့အပြင် တရော်ကျင်းကျေးရွာသို့ တပ်ကူ လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တစ်ရော်ကျင်းရွာမရောက်ခင်၊ ဘန်ဘွေးအုပ်စု ထန်းဇန်တောပြင်ရွာတွင် လူနေအိမ်အချို့ကို မီးရှို့ခဲ့ပြီး၊ တရော်ကျင်းရွာမှာလည်း နေအိမ်တစ်လုံး ထပ်မံမီးရှိုခဲ့တယ်လို့ ဒေသခံများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Media9 Photo CJ Credit: