
မြန်မာအပေါ် လက်နက်ရောင်းချမှု ရပ်တန့်ထားခြင်းကို အာဆီယံ ၉ နိုင်ငံက ကန့်ကွက် DVB မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ရပ်တန့်ထားတာကို အသိအမှတ်မပြုဖို့ အရှေ့ တောင်အာရှ ၉ နိုင်ငံဟာ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ကြောင်း Benar News မှာ ဖော်ပြပါတယ်။ “မြန်မာနိုင်ငံသို့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အားလုံးကို တိုက်ရိုက်နဲ့ သွယ်ဝိုက်ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို ချက်ချင်းရပ်တန့်ရန်” ဆိုတဲ့ ဝါကျစာသားကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုပြုတဲ့ နိုင်ငံတွေကို တောင်းဆိုထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ http://burmese.dvb.no/archives/466763 #DVB #News #အာဆီယံ #လက်နက်ရောင်းချမှု #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #ASEANrejectSAC #ASEANimposeJuntaEmbargo Credit: