
ရဲများဖျက်ဆီးသွားသည့် အတားအဆီးများ ခဏတာအတွင်း ဆန္ဒပြပြည်သူများ ပြန်ဆောက်လိုက်ကြ ရန်ကုန် - ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈(မော်ကွန်း) နောက်ဆုံးအကြိမ် စက်ယန္တရားများဖြင့် ရဲများလာဖျက်ဆီးသွားသော အတားအဆီးများအား ရွာမကျောင်းလမ်းဆန္ဒပြသူများကပြန်ဆောက်လုပ်လိုက်ကြပြီဖြစ်သည်။ အင်းစိန်လမ်းမနှင့်ရွာမကျောင်းလမ်းထောင့်ရှိ အတားအဆီးများကို ဖြိုခွဲခံရအပြီး ပြန်ဆောက်လုပ်ကြခြင်းဖြစ်သည်။ ရဲများ နဂိုနေရာတွင် ပြန်လည်နေရာယူထားပြီး ဆန္ဒပြသူများလည်း အလျှိုလျှိုထွက်ပေါ်လာကာ ဆက်လက် ဆန္ဒပြနေကြသည်။ ဓာတ်ပုံများ - မော်ကွန်းမဂ္ဂဇင်း Credit: