
၎င်းအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာတွင် မည်သူမှနှိုင်းယှဉ်မရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆင်တူသော ဝတ်စားဆင်ယင်မှုကြောင့် အမှားပါရင် သည်းခံခွင့်လွှတ်နားလည်ပါ ဟု MRTV-4 ရုပ်ရှင်ဇာတ်လမ်းတွဲမှ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားသော သရုပ်ဆောင် မြနှင်းရည်လွင် ပြောသည်။ “နှိုင်းယှဉ်လို့ ဘယ်လိုမှမရတဲ့ အမေစုကို ကျွန်မ အတုမခိုးသလို ဆံပင်ပုံအဝတ်အစားကြောင့်ဆင်သွားတာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားအောင်ဝတ်ဆင်တာပါ။ အဲ့တော့ ထိရောက်တဲ့ နည်းတွေစဉ်းစားပြီး ကျွန်မတို့တွေ ဆန္ဒဖော်ထုတ်နေရတဲ့အတွက် အမှားပါခဲ့ရင်ာလည်း သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်” ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ Credit: